❄️Four❄️

15K 1.4K 47
                                    

(Unicode)

ထယ်ယောင်းနဲ့ ဂျောင်ဂု ရေခဲမုန့်စားလို့ကုန်ခါနီးမှာ မိဘတွေပြန်ရောက်လာသည်။

"တရားသူကြီးနဲ့ သဘက်ခါချိန်းပြီးသွားပြီ"

ထယ်ယောင်းအဖေ ဒုံဂျွန်းက လမ်းလျှောက်လာရင်းနဲ့ ပြောလိုက်ပေမဲ့ ဂျောင်ဂုရော ထယ်ယောင်းရော စိတ်လှုပ်ရှားပုံမပေါ်။

ဒုံဂျွန်းက ထယ်ယောင်းရဲ့ လက်တစ်ဖက်ကို ဆုပ်လိုက်ပြီး

"အခု ကုမ္ပဏီမှာ အစည်းအဝေးရှိသေးတယ်၊ အရေးကြီးလို့ အဖေသွားရတော့မယ်၊ကျန်တာတွေ ဂျွန်တို့နဲ့ လုပ်လိုက်နော်"

"အဖေကလည်း ကျွန်တော်တစ်ယောက်ထဲ ဘယ်လိုနေရမလဲ၊ ကျွန်တော် အစည်းအဝေးသွားလိုက်မယ်၊ အဖေစီစဉ်လိုက်"

"ငါက သတို့သားမှ မဟုတ်တာ၊ ပြီးတော့ မင်းက အစည်းအဝေးတွေမှာ ပြောတတ်ဆိုတတ်တာ မဟုတ်ဘူး၊ ဒီမှာပဲ နေခဲ့"

ဒုံဂျွန်းက ပြောပြောဆိုဆိုနဲ့ ဂျောင်ဂုမိဘတွေကို နှုတ်ဆက်ကာ ထွက်သွားတော့သည်။ ထယ်ယောင်းမှာတော့ ယောင်တောင်တောင်နဲ့ ကျန်ခဲ့လေသည်။

ဂျောင်ဂု အဖေ ဟန်ဆူက ထယ်ယောင်း ကျောကို အသာပုတ်ရင်း

"စိတ်မပူပါနဲ့..တို့တွေက မိသားစုပဲ မဟုတ်ဘူးလား၊ အခု လက်စွပ်နဲ့ ဖိတ်စာ သွားကြည့်ကြမယ်"

"ဟုတ်ကဲ့"

ဂျောင်ဂုမိဘတွေက သဘောကောင်းသလောက် သူတို့သားက ဘာလို့ ဂျစ်ကန်ကန်‌ဖြစ်နေတာလဲဆိုတာတော့ ထယ်ယောင်း အဖြေရှာမရ။

ဒုံဂျွန်းကကားယူသွားတာကြောင့် ထယ်ယောင်း ကားမရှိတော့။ ဂျောင်ဂုတို့ကားနဲ့သာ လိုက်ရသည်။

ကားထဲရောက်တာနဲ့ ဂျောင်ဂုအဖေကမောင်းသည်။ ဘေးမှာက ဂျောင်ဂုအမေ။ နောက်ခုံမှာက ထယ်ယောင်းနဲ့ဂျောင်ဂု။

ဂျောင်ဂုက ကားထိုင်ခုံမှာ အသင့်ရှိနေတဲ့ ‌စီးကရက်တစ်လိပ်ကို ယူရင်း မီးညှိရန်လုပ်တော့

"ဂျွန်ဂျောင်ဂု.. ကားထဲမှာ မသောက်နဲ့လို့ ဘယ်နခါပြောရမလဲ"

အမေဖြစ်သူ မင်ဂျောင်ရဲ့ လေသံမာမာကြောင့် ဂျောင်ဂုလည်း မျက်နှာတစ်ချက်ရှုံ့ကာ ပြန်သိမ်းလိုက်ရသည်။ ဒီလိုဆိုတော့လည်း လူဆိုးကောင်က စကားနားထောင်သား။ ထယ်ယောင်းစကားသာ နားမထောင်တာ။

Marriage Isn't Love [Completed]Where stories live. Discover now