❄️Twenty - Three❄️⚠️

16K 1K 42
                                    

(Unicode)

ဘူဆန်၊ ဂမ်ချွန်း ယဉ်ကျေးမှုရွာ။ဂမ်ချွန်းက ဘူဆန်ရဲ့ အလှပဆုံးနေရာဟုပင် ပြောလို့ရသည်။ ခရီးသွားများရဲ့ စိတ်ဝင်စားမှုအရဆုံး ရွာလေးလည်းဖြစ်သည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဘူဆန်၊ ဂမ်ချွန်း ယဉ်ကျေးမှုရွာ။
ဂမ်ချွန်းက ဘူဆန်ရဲ့ အလှပဆုံးနေရာဟုပင် ပြောလို့ရသည်။ ခရီးသွားများရဲ့ စိတ်ဝင်စားမှုအရဆုံး ရွာလေးလည်းဖြစ်သည်။

တောင်ကုန်းလေးရဲ့ဘေးမှာတည်ရှိပြီး ထူးခြားချက်က အရောင်အသွေးစုံလင်လှသော အိမ်လေးများဖြစ်သည်။ ဆိုးလ်မှာမြင်နေကျ မြင်ကွင်းများနဲ့ ကွဲထွက်နေတာကြောင့် ထယ်ယောင်း ပျော်မဆုံးဖြစ်နေသည်။

ပုံမှန်ရက်တွေမှာ တွေ့နေကျပုံစံ ဝတ်စုံပြည့်နဲ့မဟုတ်ပါဘဲ ဆင်စွယ်ရောင် အင်္ကျီလက်ရှည်လေးရယ် ဘောင်းဘီညိုပွပွလေးရယ်၊ ဆံပင်အုပ်အုပ်လေးပေါ်မှာလည်း beret ဦးထုပ်လေးပါ ဆောင်းထားသေးတာကြောင့် တစ်မျိုးဆွဲဆောင်မှုရှိနေသည်။

‌ဂျောင်ဂုသည်လည်း အပြာရောင် ရှပ်အင်္ကျီအစင်းကြားလက်တိုနဲ့ အပြာရင့်ရောင်ဘောင်းဘီတိုကိုဝတ်ထားတာကြောင့် ခြေသလုံးကြွက်သားများက အထင်းသားပေါ်ကာ ကြည့်ကောင်းချင်တိုင်း ကောင်းနေတော့သည်။

အပြုံးများနဲ့ ဟိုငေးဒီငေး လမ်းလျှောက်နေပါသော ထယ်ယောင်းရဲ့ပုံရိပ်လေးတွေကို ဂျောင်ဂုက ကင်မရာနဲ့ အမိအရဖမ်းယူထားသည်။

Park group CEO ပတ်ဂျီဆန်က ဂမ်ချွန်းမှာချိန်းလိုက်တာကြောင့် ထယ်ယောင်းနဲ့ဂျောင်ဂု ရောက်လာခြင်းပင်။

"အစ်ကို ခလုတ်တိုက်ဦးမယ် ဘေးကိုပဲကြည့်မနေနဲ့"

ဂျောင်ဂုက အနောက်ကနေ ပြောမှ ထယ်ယောင်းခြေလှမ်းတွေ တုန့်ခနဲ‌ရပ်သွားပြီး ဆတ်ခနဲ လှည့်ကြည့်သည်။

"ငါ့ကို ကလေးများထင်နေတာလား"

"အစ်ကိုက ကလေးလိုလုပ်နေတာကို၊ ကျွန်တော့်လက်ကို ကိုင်ထား"

Marriage Isn't Love [Completed]Where stories live. Discover now