❄️Thirteen❄️

11.4K 1K 23
                                    

(Unicode)

"ဟက်ချိုး"

ဒါနဲ့ဆို နှာ‌ချေတာ အကြိမ် ၂၀ လောက်ရှိတော့မည်။ မိုးရေထဲတွေထွက်ပြီး အခုတော့ ကင်ထယ်ယောင်းတစ်ယောက် အအေးမိပြီ။

အိမ်ပြန်ရောက်ရောက်ချင်း ထယ်ယောင်းက ကိုယ်တွေပူနေတာကြောင့် ဂျောင်ဂုလည်း ကုမ္ပဏီကိုပြန်မသွားဖြစ်တော့ဘဲ ဆန်ပြုတ်စီစဉ်သူဖြစ်နေရသည်။

ဂျောင်ဂုလည်း ထယ်ယောင်းအားရှိအောင် ခရုဆန်ပြုတ်လေးလုပ်လာပြီး အခန်းထဲဝင်လာလိုက်သည်။ ချမ်းရတဲ့ကြားထဲ အအေးမိသွားတော့ စောင်ပုံထဲထိုင်‌နေပုံက ဖက်ထုပ်လုံးလေးလိုဖြစ်နေသည်။

"အစ်ကို ဆန်ပြုတ်လေးသောက်လိုက်ဦး ဆန်ပြုတ်သောက်ပြီးရင် ဆေးသောက်ရမယ်"

"ငါ့ကြောင့်နဲ့ မင်းလည်းပင်ပန်းနေပြီ တကယ်တောင်းပန်ပါတယ် ဟက်ချိုး!"

ထယ်ယောင်း အဖြစ်ကိုကြည့်ပြီး ဂျောင်ဂုလည်းရယ်ရအခက် ငိုရအခက်။ ကိုယ်တိုင်သောက်မဲ့ပုံလည်းမပေါ်တာကြောင့် ဆန်ပြုတ်ခွံ့တိုက်ရန် ထယ်ယောင်းနား ဝင်ထိုင်ရန်ပြင်စဉ်

"ငါ့နားမှာမထိုင်နဲ့!!"

ရုတ်တရက်အော်လိုက်တဲ့ ထယ်ယောင်းကြောင့် ဂျောင်ဂုလန့်သွားကာ မျက်လုံးပြူးကြည့်မိသည်။

"ဘာ..ဘာလို့လဲ"

"အဖျားကူးလိမ့်မယ်"

အဲ့တော့မှ ဂျောင်ဂုလည်း အသာပြုံးလိုက်ရင်း ထယ်ယောင်းဘေးမှာ ထိုင်လိုက်သည်။

"မထိုင်ပါနဲ့ဆိုတာကို"

"ကျွန်တော်က ကိုယ်ခံအားကောင်းတာမို့ စိတ်မပူနဲ့၊ ဆန်ပြုတ်ပူတုန်းလေးသောက်လိုက်"

ဂျောင်ဂုက ပြောလည်းပြော ဆန်ပြုတ်လည်းခွံ့နေတော့ ထယ်ယောင်းက အနောက်ကို အနည်းငယ်ဆုတ်လိုက်ကာ

"ငါ့ဘာသာ သောက်မယ် မင်းငါ့ကိုခွံ့ကျွေးစရာမလိုပါဘူး"

"အိုကေလေ ကုန်အောင်သောက်ရမှာနော်"

"သောက်မှာပါဆို"

ထိုအချိန်မှာပဲ ဂျောင်ဂုဆီကို ဖုန်းဝင်လာသည်။
ဆက်တဲ့သူက ဂျောင်ဂုအဖေ။

Marriage Isn't Love [Completed]Where stories live. Discover now