❄️Fifteen❄️

11.4K 1.1K 86
                                    

(Unicode)

ဟောခန်းတစ်ခုလုံး မီးရောင်ထိန်ထိန်လင်းလျက်ရှိပြီး မှန်ပြတင်းပေါက်တွေကနေ အပြင်ကိုကြည့်ရင် လမင်းကြီးနဲ့အတူ ဖွေးဖွေးဖြူနေသောနှင်းစက်များကိုပါ တွေ့ရသည်။

တကယ့်လူချမ်းသာတွေပဲ တက်ရောက်သော ပါတီပွဲမှန်း ကြည့်ရုံနဲ့တင် သိသာလှသည်။ အမျိုးသားတွေကလည်း အနောက်တိုင်းဝတ်စုံ ပုံစံမျိုးစုံနဲ့ အမျိုးသမီးတွေကလည်း ပြိုးပြိုးပြက်ပြက် လင်းလင်းလက်လက်တွေနှင့် အရောင်အသွေးစုံလင်စွာ လှပနေကြသည်။ လူငယ်တွေတော့ သိပ်မရှိပါ လူကြီးတွေသာများပြားသည်။

ထိုလူတွေအားလုံးက စင်မြင့်ထက်မှာ မိန့်ခွန်းပြောနေတဲ့ ၂၅နှစ်အရွယ်ကောင်လေးဆီကို အာရုံရောက်နေကြသည်။

ထိုလူတွေထဲမှာ အနက်ရောင် ဝတ်စုံပြည့်နဲ့ ဂျွန်ဂျောင်ဂုလည်း အပါအဝင်။

ပြုံးရွှင်သော မျက်နှာလေးနဲ့ အားတက်သရောမိန့်ခွန်းပြောနေသူကလည်း အခြားမဟုတ်။ ထယ်ယောင်းသာ။

ခဲရောင် အနောက်တိုင်းဝတ်စုံလေးနဲ့ ဆံပင်က သာမန်လို အုပ်အုပ်လေးမဟုတ်ပဲ နဖူးကို ဖော်ထားတာကြောင့် ကြည့်ကောင်း‌ချင်တိုင်း ကြည့်ကောင်းနေတော့သည်။

"ရှေ့လျှောက်လည်း အတူတူလက်တွဲပြီး အားလုံးနဲ့ အလုပ်ဆက်လုပ်သွားချင်ပါတယ် ကျေးဇူးတင်ပါတယ်ခင်ဗျ"

ထယ်ယောင်းစကားအဆုံးမှာ အားလုံးက လက်ခုပ်များတီးလိုက်ကြသည်။ ပြီးမှ အားလုံးလည်း ကိုယ့်အချင်းချင်းစကားပြောသူပြော၊ မုန့်စားသူစားနဲ့ ပါတီပွဲကို ဆင်နွှဲကြသည်။

ထယ်ယောင်းလည်း အဲ့တော့မှ အနားက ဝန်ထမ်းတိုက်သော ရေကို တစ်ခွက်သောက်ပြီး ဂျောင်ဂုနားကို ခပ်သွက်သွက်လေးလျှောက်လာသည်။

"ဘယ်လိုလဲ ငါပြောတာ အဆင်ပြေရဲ့လား"

မျက်လုံးအဝိုင်းသားနဲ့ မေးလာတဲ့ ထယ်ယောင်းကြောင့် ဂျောင်ဂုလည်း တစ်ချက်ပြုံးလိုက်ရင်း ခေါင်းငြိမ့်ပြသည်။ အဲ့တော့မှ ထယ်ယောင်းလည်း သူ့ရင်ဘတ်သူ လက်လေးနဲ့အသာဖိရင်း...

"တော်သေးတာပေါ့ အများကြီးလေ့ကျင့်ထားရတာ"

ဟုတ်ပါသည်။ သူ့ဘာသာ မိန့်ခွန်းတွေ ရေးလိုက်ဖျက်လိုက်လုပ်ပြီး တစ်ချိန်လုံးလေ့ကျင့်သည်။ မှန်ကြည့်ရင်း လေ့ကျင့်သည်။ ရေချိုးခန်းထဲမှာ လေ့ကျင့်သည်။ ညမအိပ်ပဲ လေ့ကျင့်သည်။ ဂျောင်ဂုကို ပရိတ်သတ်လို သဘောထားတာ လေ့ကျင့်သည်။ အလုပ်ကတော့ တကယ်ကြိုးစားတာ ချီးကျူးလောက်ပါတယ်။

Marriage Isn't Love [Completed]Where stories live. Discover now