❄️Eighteen❄️

11.3K 1K 104
                                    

(Unicode)

ဆောင်းရာသီကုန်ခါနီး နွေဦးရောက်ချိန်။
အရင်ကလို နှင်းဖြူဖြူလေးတွေ မကျတော့။ နွေဦးရောက်လာသည်နှင့် ချယ်ရီပန်းလေးတွေလည်း ပွင့်စပြုလာသည်။

ထယ်ယောင်းက ဒီအတောအတွင်း ကုမ္ပဏီကို အရေးကြီးမှသာ သွားသည်။ အကြောင်းအရင်းကတော့ မမေးဘဲလည်း ဂျောင်ဂုသိသည်။ ချွဲမင်ဆူက ကုမ္ပဏီမှာပဲ photoshoot တွေလုပ်နေတော့ ထယ်ယောင်း မသွားတာ ဖြစ်လိမ့်မည်။ မသွားတာပဲ ကောင်းပါတယ်။

ယခုည ၁၀နာရီခန့်ရှိနေသော်လည်း ထယ်ယောင်းကတော့ ထုံးစံအတိုင်း ကော်ဖီတစ်ခွက်ရှေ့ချကာ ဆိုဖာပေါ်ထိုင်လျက် laptop တစ်လုံးနဲ့ အလုပ်ရှုပ်နေသည်။

ဂျောင်ဂုလည်း ထယ်ယောင်းဘေးမှာ အသာဝင်ထိုင်ရင်း

"အစ်ကို နားသင့်နေပြီထင်တယ် တစ်မနက်လုံး ထိုင်လုပ်နေတာ"

"အရေးကြီးနေလို့၊ ဘူဆန်က Park Group က ငါတို့ထုတ်ကုန်အသစ်ကို စိတ်ဝင်စားတယ်တဲ့၊ အဲ့ဒါ အဖေနဲ့ ဆွေးနွေးပြီး အဆင်ပြေရင် ဘူဆန်သွားပြီး စာချုပ်ချုပ်လိမ့်မယ်"

"အစ်ကိုက အလုပ်ကြိုးစားတော့ ရှယ်ယာရှင်တွေ ဆက်တိုက်ကို စာချုပ်ချုပ်ချင်နေတော့တာပဲ"

ဂျောင်ဂုစကားကြောင့် ထယ်ယောင်းက ရယ်သည်။ ပြီးမှ laptop ကို ပိတ်လိုက်ပြီး

"ဒီအတောအတွင်း ငါမင်းကို အချိန်သိပ်မပေးနိုင်ခဲ့တာ တောင်းပန်ပါတယ်"

ထယ်ယောင်းက မျက်နှာငယ်လေးနဲ့ပြောတော့ ဂျောင်ဂုအချစ်ပိုရပြန်သည်။ ထယ်ယောင်းကိုယ်လုံးလေးကို အသာဆွဲပွေ့ကာ ပေါင်ပေါ်တင်လိုက်သည်။

ထယ်ယောင်းကတော့ ရှက်နေပုံရသည်။ မျက်လုံးတွေက ဟိုကြည့်ဒီကြည့်နဲ့ လက်ကလည်း အင်္ကျီစလေးတွေကို လုံးချေနေသည်။ ဘယ်အချိန်ပဲဖြစ်ဖြစ် အသားချင်းထိတာနဲ့ရှက်နေတတ်တဲ့ အစ်ကိုရယ်။

"အစ်ကိုက ဒီတိုင်း ကျွန်တော့်ဘေးမှာ ရှိပေးနေရုံနဲ့တင်အဆင်ပြေတယ်"

"အပိုတွေ လျှောက်ပြောမနေနဲ့၊ ငါအလုပ်လုပ်ရဦးမယ်"

"အလုပ်ပြီးသွားလို့ laptop ပိတ်လိုက်တာ မဟုတ်ဘူးလား"

Marriage Isn't Love [Completed]Where stories live. Discover now