❄️Eight❄️

13.1K 1.2K 44
                                    

(Unicode)

ဆောင်းဝင်ခါစ အချိန်ဖြစ်တာကြောင့် တိုက်ခတ်‌နေတဲ့ လေအေးအေးက တစ်ကိုယ်လုံးကို စိမ့်စေသည်။ ညဘက်လည်းဖြစ်နေတော့ အအေးဓာတ်က သာမန်ထက်ပိုနေသည်။

ဂျောင်ဂု တစ်ယောက် ညစာပြင်မယ်သာ ပြောတာ မွေးကထဲက ခုချိန်ထိ မီးဖိုချောင်ထဲကို စားဖို့ကလွဲပြီး ဝင်ဖူးတာ မဟုတ်။ ဒီအချိန်ကြီး delivery လည်း မခေါ်ချင်တော့တာကြောင့် ကိုယ့်ဘာသာကို အနွေးထည်တစ်ထည်ကောက်ဝတ်ပြီး အပြင်ထွက်လာခြင်းဖြစ်သည်။ ထယ်ယောင်းကိုတော့ ပြောမနေတော့။

ညတော်တော်နက်နေပြီဖြစ်တာကြောင့် ဆိုင်တွေက ပိတ်တဲ့ဆိုင်ကပိတ်‌ကုန်ပြီ။ အချမ်းဓာတ်ပိုလာသော်လည်း ဗိုက်ကဆာနေတာကြောင့် တစ်ဆိုင်လောက်ဖွင့်လိုဖွင့်ညား လိုက်ရှာနေမိသည်။

ကံကောင်းချင်တော့ ပိတ်လုဆဲဆဲ အသားကင်ဆိုင်လေး ဂျောင်ဂု ရှာတွေ့သွားသည်။ ပစ္စည်းတွေ သိမ်းလက်စ ဆိုင်ရှင်ဆီ ခပ်သွက်သွက်လေး သွားရင်း အသားကင်မှာလိုက်ရသည်။ တစ်ပွဲပဲ မှာဖို့ လုပ်ထားပေမဲ့ ထယ်ယောင်းရော ဗိုက်ဆာမှာပေါ့ ဆို‌တဲ့ အ‌သိက ခေါင်းထဲ ရောက်လာတာကြောင့် ထယ်ယောင်းအတွက်ပါ တစ်ပွဲ ထပ်မှာလိုက်သည်။

ဝယ်ပြီးတာနဲ့ အထုတ်လေး နှစ်ထုပ် လက်မှာကိုင်ကာ အိမ်ပြန်လာလိုက်တော့သည်။ လူကုံထံရပ်ကွက်ဖြစ်တာကြောင့် လမ်းတစ်လျှောက် မီးတွေ ထိန်လင်းနေတော့ ကိစ္စတော့မရှိ။

လမ်းအနည်းငယ်လျှောက်ပြီးအကြာ အိမ်ပြန်ရောက်လာတော့သည်။ အိမ်ရောက်တာနဲ့ အထုတ်တွေ ချက်ချင်းချကာ အိတ်ကပ်ထဲ အသင့်ရှိတဲ့ စီးကရက်ကို မီးညှိပြီး ဖွာလိုက်သည်။ ဆောင်း အအေးဓာတ်နဲ့ စီးကရက်မီး ရဲရဲနဲ့ ကွက်တိ။

အသားကင်တွေ ထုတ်မစားခင် ထယ်ယောင်းကိုပါ ခေါ်ရမည် မဟုတ်လား။ ဒီအချိန်ဆို အလုပ်တွေလည်း ပြီးလောက်ရောပေါ့။ ထိုသို့တွေးပြီး ဂျောင်ဂု စီးကရက်ကိုင်လျက် အိပ်ခန်းတံခါးကို အသာလေး ဖွင့်လိုက်သည်။

ပိတ်ထားပြီးပြီ‌ဖြစ်သော laptop ကို ဖက်ထားကာ အိပ်ရာပေါ်မှာ အိပ်မောကျနေသော ထယ်ယောင်း။

Marriage Isn't Love [Completed]Where stories live. Discover now