❄️Date(Extra)❄️

14.6K 862 19
                                    

(Unicode)

တိတ်ဆိတ်နေသော အစည်းအဝေးခန်းထဲ ဂျောင်ဂုရဲ့ အသံတစ်ခုထဲသာ ဩဇာရှိစွာ ထွက်ပေါ်နေသည်။

ကုမ္ပဏီက အရင်ကထက် ရှယ်ယာရှင်များနဲ့ စာချုပ်ချုပ်နိုင်လာတဲ့အပြင် တောင်ကိုရီးယားရဲ့ Top 5 ထဲလည်း ဝင်နိုင်လာပြီဖြစ်သည်။ ထယ်ယောင်းအလိုအတိုင်း Kim Group မှ Jeon Group ဟူ၍ ပြောင်းစေသည်။ Jeon group က ဂျောင်ဂုနဲ့ ထယ်ယောင်းရဲ့ ဦးဆောင်မှုကြောင့် အခြေအနေသိသိသာသာတိုးတက်လာသည်။

ဒီနေ့ အစည်းအဝေးကတော့ တစ်လလုံးစာအတွက် အပြီးသတ်ရမဲ့ စာရင်းများ တင်ပြခြင်းသာ။ ရှယ်ယာရှင်များနဲ့လုပ်သော အစည်းအဝေးမဟုတ်ဘဲ လက်အောက်ငယ်သားဝန်ထမ်းများနဲ့မို့ stress မရှိ။

Stress ရှိရတာက ဝန်ထမ်းတွေ မကြည့်ခင် အချိန်မှာ ဂျောင်ဂုက ထယ်ယောင်း‌ကို မျက်လုံးတစ်ဖက် လှမ်းမှိတ်ပြနေခြင်းပင်။ ဝန်ထမ်းတွေမြင်ရင် မကောင်းတာကြောင့် ထယ်ယောင်းမှာ နေရခက်နေသော်လည်း ဂျောင်ဂုကတော့ ပေါ့ပေါ့ပါးပါးပင်။

"အားလုံးပင်ပန်းသွားပြီပဲ၊ ဒီနေ့ အားလုံး အိမ်ပြန်လို့ရပါပြီ၊ တခြား ဌာနတွေကိုလည်း အိမ်ပြန်လို့ရတဲ့အကြောင်း လိုက်ပြောလိုက်ကြပါ"

ဂျောင်ဂုစကားကြောင့် ထယ်ယောင်းအပါအဝင် ဝန်ထမ်းအားလုံး မျက်လုံးပြူးသွားကြသည်။ အခုမှ နေ့လည်စာ စားချိန်တောင် မရောက်သေးတာကို အိမ်ပြန်ခိုင်းနေတော့ နဲနဲတော့ လွဲနေပြီလေ။

"ဘာပြူးကြည့်နေကြတာလဲ သွားတော့လေ"

ဂျောင်ဂုထံမှ ဒုတိယအကြိမ်ထွက်လာသော စကားသံကြားမှ CEO စိတ်မပြောင်းခင် မိမိရှေ့တွင်ရှိသော ပစ္စည်းများကို အမြန်သိမ်းဆည်းကာ အစည်းအဝေးခန်းထဲကနေ အလျှိုလျှိုထွက်သွားကြတော့သည်။

အားလုံး အခန်းထဲက ထွက်သွားမှ ထယ်ယောင်းမှာ ပါးစပ်အဟောင်းသားနဲ့ ဂျောင်ဂုကို ကြည့်ပြီး

"ဂျွန်... တကယ်ကြီးပြန်လွှတ်လိုက်တာလား ဘာလို့လဲ"

"သူတို့လည်း ဒီလအလုပ်တွေအများကြီးလုပ်ထားရတော့ ပင်ပန်းနေကြမှာပဲလေ၊ တစ်ရက်လောက်တော့ ခွင့်ပေးရတာပေါ့၊ ပြီးတော့"

Marriage Isn't Love [Completed]Where stories live. Discover now