❄️ Twenty - One❄️

11.3K 1.1K 83
                                    

(Unicode)

ချွဲမင်ဆူရဲ့ ဆေးရုံအခန်းရှေ့က ထိုင်ခုံမှာ ဂျောင်ဂု ထိုင်စောင့်နေမိသည်။ မင်ဆူကို ထိုးခဲ့တာကြောင့် ထယ်ယောင်းအတွက် အလုပ်ရှုပ်နေမလားဆိုပြီး ဂျောင်ဂု စိတ်ပူမိသော်လည်း မင်ဆူရဲ့ စကားတွေ အပြုအမူတွေကို တွေးမိရင် ထပ်ပြီးထိုးပစ်ချင်စိတ်ပေါက်ပြန်သည်။ အခုလည်း အခန်းထဲ ထယ်ယောင်းကို ထားခဲ့ရတာကို စိတ်မချ။

ဘယ်လောက်မှ မကြာလိုက် ထယ်ယောင်းထွက်လာသည်။ မျက်နှာလေးက တစ်ခုခုကို အလိုမကျ စိတ်တိုနေတဲ့ပုံ။

ထယ်ယောင်းကိုတွေ့တာနဲ့ ဂျောင်ဂု ချက်ချင်းထရပ်ကာ ထယ်ယောင်းနားကိုပြေးသွားသည်။

"အစ်ကို အဆင်ပြေရဲ့လား၊ ဟိုကောင် အစ်ကို့ကို ဘာမှမလုပ်ဘူးမလား"

ဂျောင်ဂုက ပြာပြာသလဲမေးနေသလောက် ထယ်ယောင်းက နှုတ်ခမ်းကို မဲ့ကာ ရွဲ့ကာနဲ့

"အဲ့ကောင်က ဆိုက်ကိုပဲ ဆိုက်ကို၊ သူ့ကို ဆေးရုံမပို့ပဲ အရူးထောင် တန်းပို့ခဲ့ရမှာ"

"ဘာလို့လဲ သူက အစ်ကို့ကိုဘာလုပ်လို့လဲ၊ ပြော ကျွန်တော့်ကိုပြော"

"ဘာမှမလုပ်ဘူး"

"ဒါဆို ဘာလို့ အစ်ကိုက စိတ်တိုနေတာလဲ၊ သူတစ်ခုခုလုပ်ခဲ့တာ အသိသာကြီး"

"သူလုပ်တာမဟုတ်ဘူး၊ ငါက သူ့ပါးကို ဒီလို ဖြောင်းခနဲ ရိုက်လိုက်တာ"

ထယ်ယောင်းက ပြောလည်းပြော အမူအရာလည်းလုပ်ပြနေသည်။

"‌ဗျာ"

မထင်မှတ်ထားတဲ့ ထယ်ယောင်းဆီမှ စကားကြောင့် ဂျောင်ဂု ကြောင်တောင်တောင်ဖြစ်သွားရသည်။

"အစ်ကိုက သူ့ကို ဘာဖြစ်တယ်"

"ပါးချလိုက်တာပါဆို၊ ငါ့ကိုစိတ်တိုအောင် လာလုပ်နေတာကို၊ ငါ့အဖေမျက်နှာထောက်နေလို့ မဟုတ်လို့ကတော့ ခေါင်းအုံးနဲ့ဖိသတ်လိုက်ပြီ"

အပြောတင်မက အမူအရာတွေနဲ့ပါ လုပ်ပြနေသော ထယ်ယောင်းကြောင့် ဂျောင်ဂု မပြုံးဘဲ မနေနိုင်တော့။ ဒေါသထွက်နေတဲ့ အစ်ကိုက ချစ်ဖို့ပိုကောင်းနေသည်။

Marriage Isn't Love [Completed]Where stories live. Discover now