❄️ Thirty - Five (The Final)❄️

14.6K 989 74
                                    

(Unicode)

Party ပွဲတစ်လျှောက်လုံး ထယ်ယောင်းက ဂျောင်ဂုကို ရှယ်ယာရှင်တွေနဲ့ မိတ်ဆက်ပေးနေရတာ ဆက်တိုက်ပင်။

နောက်ဆုံးမှ Fan girl တွေ Fan boy တွေ ကြားက လွတ်မြောက်လာတဲ့ မော်ဒယ်ကင်ဆော့ဂျင်ဆီ‌ ရောက်လာတော့သည်။ ဒါတောင် သူ့ fan တွေက ညနက်လို့ပြန်ကုန်တာ။

"ဂျောင်ဂု၊ ဒါက ထုတ်ကုန် မော်ဒယ် ကင်ဆော့ဂျင်လေ"

ထယ်ယောင်း စကားအဆုံး ဂျောင်ဂုမှာ ဆော့ဂျင်အားကြည့်ပြီး မျက်လုံး ဝိုင်းခနဲဖြစ်သွားသည်။

"အစ်ကိုဆော့ဂျင်လား"

ရင်းရင်းနှီးနှီး‌ ပြောလိုက်တာကြောင့် ဆော့ဂျင်မှာ အနည်းငယ်ကြောင်တောင်တောင်ဖြစ်သွားသော်လည်း ဂျောင်ဂုကို သေချာကြည့်ပြီးမှ ပါးစပ်အဟောင်းသားဖြစ်ကာ လက်ခုပ်တစ်ချက်တီးပြီး

"အုန်းသီးခေါင်း မင်းလား"

"ဝါး တကယ် အစ်ကိုဆော့ဂျင်ပဲ၊ မော်ဒယ်ဖြစ်နေတာပေါ့"

"မင်းတော်တော်ထွားလာတာပဲ၊ လက်ထပ်လိုက်ပြီလို့ ကြားပေမဲ့ ငါတို့ သူဌေးနဲ့လို့ မထင်ထားဘူး၊ ဆံပင်ကလည်း အုန်းသီးကေမဟုတ်တော့ဘူးပဲ"

နှစ်ယောက်သား အလွန်ရင်းနှီးနေကြတာကို ကြည့်ပြီး ထယ်ယောင်းမှာ ကြောင်တောင်တောင်။

"သိနေကြတာလား"

ထယ်ယောင်းအမေးကြောင့် ဂျောင်ဂုက ထယ်ယောင်းဘက်ကို လှည့်ရင်း

"ကျွန်တော်တို့က ကျောင်းတုန်းက ဘတ်စကတ်ဘောတစ်သင်းထဲလေ"

"အာ အဲ့လိုလား၊ ဒါဆို မိတ်ဆက်ပေးစရာမလိုတော့ဘူးပေါ့"

ဂျောင်ဂုက ထယ်ယောင်းက ပြုံးပြကာ ခေါင်းတစ်ချက်ငြိမ့်ပြသည်။ ပြီးမှ ဆော့ဂျင်ဘက်ကို ပြန်လှည့်ပြီး

"ကျွန်တော်တို့ သွားတော့မယ်၊ လုပ်စရာတွေရှိသေးလို့"

"ဟုတ်ကဲ့ပါ သူဌေးခင်ဗျာ"

တမင် သူဌေးလို့ ခေါ်လိုက်သော ဆော့ဂျင်ကြောင့် ဂျောင်ဂုမှာ ရယ်မောရင်း ထယ်ယောင်းလက်ကိုဆွဲကာ ထွက်လာခဲ့တော့သည်။

Marriage Isn't Love [Completed]Where stories live. Discover now