❄️Twenty - Nine❄️

8.1K 790 38
                                    

(Unicode)

ဂျောင်ဂု အင်္ဂလန်သွားရန် တစ်ရက်သာလိုသည်။ ဒီတစ်ရက်ကိုတော့ ထယ်ယောင်းရော ဂျောင်ဂုပါ ကုမ္ပဏီမသွားဖြစ်ကြတော့ပဲ အိမ်မှာပဲ ‌ရှိနေကြသည်။

"ဟိုရောက်ရင် အတန်းထဲကသူတွေနဲ့ တည့်အောင်နေနော်"

"နက်ကတိုင်ကို ဒီမှာလို ဖြစ်သလိုမဝတ်နဲ့"

"အမြဲတမ်းလည်း ‌လျှောက်သွားမနေဘဲ ‌သင်တန်းကိုအာရုံစိုက်"

"ညဘက်စောစောအိပ်ပြီး မနက်စောစောထ"

"အစားကို ပုံမှန်စား"

"workout လုပ်ရင်လည်း အရမ်းပင်ပန်းတဲ့ထိ မလုပ်နဲ့"

ဂျောင်ဂုအတွက် အထုတ်ပြင်ပေးရင်း ထယ်ယောင်း တစ်ယောက် မှာတမ်းခြွေနေသည်။ မသိတဲ့သူအဖို့ မူကြိုတက်မဲ့ က‌လေးကို မှာနေရသလား ထင်ရမည်။

Luggage ထဲကို အင်္ကျီတွေ ထည့်နေရင်း ပွစိပွစိအပြောမပျက်တဲ့ ထယ်ယောင်းကို ဂျောင်ဂု အနောက်ကနေ ခါးလေးကို အသာဖက်ကာ ပုခုံးပေါ် မေးလေး‌တင်လိုက်သည်။ ထယ်ယောင်းလည်း သူ့ခါးကိုဖက်တွယ်လာသော ဂျောင်ဂုလက်တို့ကို ပြန်အုပ်မိုးပြီး ကိုင်လိုက်သည်။

"ငါပြောတဲ့အတိုင်း အကုန်လုပ်နော်"

"ဟုတ်ကဲ့ပါဗျ"

ဂျောင်ဂုအဖြေကြောင့် ထယ်ယောင်း ပြုံးကာ ဂျောင်ဂုကို ကျောပေးထားရာကနေ မျက်နှာချင်းဆိုင်လိုက်သည်။ ပြီးတာနဲ့ လက်ဖဝါးနှစ်ဖက်နဲ့ ဂျောင်ဂုရဲ့ ပါးလေးကို အသာကိုင်လိုက်တော့ ဂျောင်ဂုက မျက်လုံးလေးအသာမှိတ်ကာ ထယ်ယောင်းလည်း လက်လေးကို ပြန်ကိုင်သည်။

"ဒီမျက်နှာလေးကို ၆လလောက်‌ မတွေ့ရတော့ဘူးပေါ့"

ထယ်ယောင်းစကားကြောင့် ဂျောင်ဂု တစ်ချက်ပြုံးလိုက်သည်။

"ကျွန်တော်လည်း အစ်ကို့ကို ရူးလောက်‌အောင် လွမ်းနေရမှာပဲ၊ ဒါပေမဲ့လည်း Video call တော့ခေါ်လို့ရတယ်မလား"

"အင်း အဲ့ဒါပဲရှိတော့တာပေါ့"

"ကျွန်တော် တကယ် သေချာကြိုးစားမှာမို့ အစ်ကိုကျွန်တော့်ကို တခြားကိစ္စတွေနဲ့ ပက်သက်ပြီးလည်း စိတ်ပူစရာမလိုဘူး"

Marriage Isn't Love [Completed]Where stories live. Discover now