❄️Nineteen❄️

11.1K 1K 112
                                    

(Unicode)

ည ၈နာရီ။
ဝန်ထမ်းတွေမရှိသလောက်ဖြစ်နေပေမဲ့ ထယ်ယောင်း ခုထိ အိမ်မပြန်ဖြစ်သေး။ မမျှော်လင့်ဘဲ Park Group က မြန်မြန်ကြီး စာချုပ်ချုပ်လိုက်တော့ ချက်ချင်း အလုပ်တစ်ပုံတစ်ပင် ပေါ်လာသည်။ အဲ့ဒါကြောင့် အလုပ်ကို အကြွေးမထားတတ်တဲ့ ထယ်ယောင်းမှာ ခုထိ အိမ်မပြန်သေး။

*ဒေါက် ဒေါက်

တံခါးခေါက်သံနဲ့ အတူ ရုံးခန်းတွင်း ဝင်လာသူက အ‌ဖေဖြစ်သူ ဒုံဂျွန်း။

"ခုထိ အိမ်မပြန်သေးဘူးလား"

"အလုပ်တွေမှ မပြီးသေးတာ"

"မင်းတစ်ထိုင်ထဲ လုပ်ရင်တောင် ဒီည ပြီးမှာမဟုတ်ဘူး၊ အိမ်ပြန်တော့ မနက်ဖြန်မှ ဆက်လုပ်"

ထယ်ယောင်းကပြန်မဖြေဘဲ မျက်မှန်လေးကို ပင့်ကာ ဆက်လုပ်နေသည်။ အဲ့တော့ ဒုံဂျွန်းကပဲ ထယ်ယောင်းစားပွဲပေါ်က Tablet တွေ စာရွက်စာတမ်းတွေကို သေချာသိမ်းဆည်းပေးပြီး

"ပြန်တော့ ဒီထက်မှောင်လာရင် မကောင်းဘူး၊ အိမ်မှာပဲလုပ်"

အဖေကိုယ်တိုင်က သိမ်းဆည်းပေးထားတော့လည်း ငြင်းလို့မဖြစ်တာကြောင့် ထယ်ယောင်းလည်း laptop ကိုပိတ်ကာ အိတ်ဆွဲပြီး ဒုံဂျွန်းကိုနှုတ်ဆက်ကာ ထွက်လာခဲ့သည်။

နောက်မှ ဂျောင်ဂုကို သတိရကာ ဖုန်းဆက်ဖို့ပြင်သည်။ အိမ်ပြန်သွားပြီထင်တယ်။

ဖုန်းဆက်တော့ ချက်ချင်းတန်းကိုင်သည်။

"ဂျွန်...အိမ်မှာလား"

"အင်း"

အိမ်မှာဆိုတော့ ထယ်ယောင်း စိတ်အေးသွားရသည်။ ဟိုတစ်ခါလို သူများအိမ်ရောက်သွားမှာကြောက်ရသည်။

"ညစာရော စားပြီးပြီလား"

"အင်း"

"ငါအခုပြန်လာတော့မယ်နော်"

"အင်း"

ခုချိန်ထိ ဂျောင်ဂုထံမှ တအင်းအင်းသာ ဖြေနေတာကြောင့် ထယ်ယောင်း ဘာဆက်ပြောရမှန်းမသိတော့။ မနက်က ကိစ္စ စိတ်ဆိုးသွားတာများလား။

"ဒါပဲ မလား ဖုန်းချလိုက်တော့မယ်"

ဂျောင်ဂုက ပြောပြောဆိုဆိုနဲ့ ချက်ချင်း ဖုန်းချသွားသည်။ ထယ်ယောင်းမှာတော့ ဖုန်းလေးကိုကိုင်ကာ ကြောင်တောင်တောင် ရပ်လျက်။ စိတ်ဆိုးနေတာ သေချာနေပါပြီ။

Marriage Isn't Love [Completed]Where stories live. Discover now