ပြင်ဆင်ခွင့်...မရှိ
"ဖေဖေ....လာပြီ...."
တစ်ထပ်တိုက် အိမ်ပုကလေး၏ ခြံဝန်းလေးထဲတွင် အပူပင် ကင်းစွာ ဆော့ကစားနေသော် သုးံနှစ်အရွယ်ကလေးလေး
ကားပေါ်မှ ဆင်းလာသည့် မာန်ကို တွေ့သည်နှင့် အရုပ်ကလေးကို ပစ်ချကာ
ပျော်ရွှင်စွာဖြင့် ပြေးရင်း မာန်ပေါ်သို့ ခုန်တက်လာသည်။မာန်သည်လည်း မိမိဆီသို့ ပြေးတက်လာသည် ကလေးအား ချီလိုက်ပြီး ပါးတစ်ဖက်ကို မွှေးကြူလိုက်သည်။
"သားတစ်ယောက်တည်း ကစားနေတာလား..."
"ဟုတ်တယ်...မေမေက အိမ်ထဲမှာ ဖေဖေလာရင် စားဖို့
ဟင်းတွေ များကြီး များကြီး ချက်နေတယ်..."များကြီး များကြီးကို လက်ကားပြကာ ပြောနေတဲ့ ပါးဖောင်းဖောင်းနဲ့ ကလေးလေးကို ဘယ်သူက မချစ်ဘဲ နေနိုင်မည်နည်း...။
"ဟုတ်ပါပြီ...ကွာ...အိမ်ထဲ ဝင်ကြရအောင်..."
"ဟုတ်ကဲ့.."
မာန်သည်လည်း ကလေးကို ချီ၍ အိမ်လေးထဲသို့ ဝင်လာလိုက်သည်။
အိမ်ထဲရောက်သည်နှင့် မီးဖိုချောင်ထဲရှိ ဟင်းနံသင်းသင်းလေးက နှာခေါင်းပေါ် စွဲထင်နေမိတယ်...
"အကို လာပြီလား..."
ဝင့်ဝါမိုင် မီးဖိုချောင်ထဲမှ ထွက်လာကာ မာန်ကို ကြိုဆိုလိုက်သည်။ သို့သော်လည်း မာန်၏ မျက်နှာဟာ ကလေးလေးနှင့်တုန်းကလဲ မချိုသာနေဘဲ အေးစက်ကာ ကြောက်ဖို့ကောင်းနေတယ်...။
"မိုင်...ဟင်းချက်ထားတယ်...အကို... ဒီနေ့ ထမင်းစားသွားမှာလား..."
"မစား.."
"စားမှာတဲ့....ဖေဖေက..."
မစားဘူးလို့ ငြင်းချင်ပေမဲ့ ကလေးက စားစေချင်နေသော်ကြောင့် မာန် မငြင်းဘဲ ထိုင်စားလိုက်သည်။
"ဖေဖေ...စားကောင်းလား..."
"ကောင်းတာပေါ့....မာန်ပေါက်စလေးရ.."
"ခ်ခ်....သားက...ဖေဖေနဲ့ အတူအိပ်ချင်တာ...ဒီနေ့..သားနဲ့..အတူ.. အိပ်သွားပါနော်..."
"ဖေဖေ...အိပ်လို့မရဘူး...သားရဲ့...အလုပ်ကိစ္စတွေ..ရှိသေးတယ်..."
YOU ARE READING
Right Person (Complete)
Fantasyတစ်ချိန်တစ်ခါတော့ လူတွေက ရွေးချယ်ခြင်းမှာ မှားယွင်းတတ်တယ်...! အချိန်တွေသာ နောက်ပြန်ဆုတ်ခွင့် ရမယ်ဆို မင်းကိုပဲ ပြန်ရွေးချယ်ရမလား...? ခက်ဆစ် အချိန်တန်ရင် မောင်ဆီပဲ ပြန်လာမို့ မောင်စောင့်နေမယ်... ခက် မောင်ဆီပြန်လာ...