ကုတင်ထက်တွင် အိပ်ပျော်နေသော ခက်၏ လက်ကလေးကို
ကိုင်ရင်း ဆက်ကရန်နောင်တများတပွေ့တပိုက်နှင့်။
ဘာကြောင့်များ ငယ်ကို ဒီလိုဒုက္ခတွေ ခံစားစေပြီးမကာကွယ်နိုင်ရတာလဲ...."စိတ်မပူပါနဲ့..မေမေ...ငယ် မကြာခင် သတိရလာမှာလဲ"
ပြောမဲသာပြောရတာ အမေဖြစ်သူ၏ ရင်ထဲလဲ ပူလောင်နေရောပေါ့....
ဘုးံဘုးံလေးကတော့ အဘိုးရဲ့ လက်ထဲကတေ သူအဖေဆီသို့ သွားရန် လက်တစ်ပြင်ပြင်ဖြစ်နေသည်။
"ဆရာ...ခက်အခြေအနေက"
"မစိုးရိမ်ပါနဲ့..သူဖြတ်ကျော်နိုင်မှာပါ...မောင်ရင်အမျိုးသားက
ဆေးစွဲသွားပေမယ့် အလွန်အကျွံအခြေအနေမျိုး မဟုတ်တဲ့အတွက် အဆင်ပြေမှာပါ...""ကျေးဇူးတင်ပါတယ် ဆရာ...တကယ်ကို ကျေးဇူးတင်ပါတယ်..."
ခက်ကို ဆေးဖြတ်ဖို့အတွက် ဆေးရုံတင်ရမည်။ ဆေးဖြတ်သည့်ဒဏ်ကို ခက် ခံနိုင်ရည်ရှိပါစေဟုသာ
ဆုတောင်းရင်း....Ring.....Ring....
ဖုန်းလာတာကြောင့် ဆက်ကရန် အခန်းပြင်ဘက်သို့
ထွက်လာလိုက်သည်။"ဟယ်လို..."
"......"
"ဟုတ်ကဲ့...ကျွန်တော်ပါ"
"....."
"ကျေးဇူးပါ ဆရာ ကျွန်တော်အခု လာခဲ့ပါမယ်"
ဖုန်းချပြီးသည်နှင့် ဆက် အခန်းထဲသို့ ပြန်ဝင်ရင်း ထွက်ပြေးသွားတဲ့နီလာကို ဖမ်းမိပြီဖြစ်ကြောင်း
ပြောလိုက်သည်။"အဲဒါ ကျွန်တော် ရဲစခန်းခဏသွားလိုက်အုးံမယ်"
"အမေပါလိုက်မယ်...သား "
"ဟင့်အင်း မလိုက်နဲ့မေမေ...ခက်ဘေးနားမှာ အမေရှိနေမှဖြစ်မှာ..."
ချက်ချင်းလိုက်ရန်ပြင်ဆင်နေသော ခက်အမေကို ဆက်ကရန်
ငြင်းလိုက်သည်။ခက်အဖေကပါ ဝင်တားတာကြောင့် ရဲစခန်းသို့ ခက်အဖေနှင့်
ဆက်ကရန် နှစ်ယောက်သာ ထွက်လာသည်။...........
ကလင်....ကလင်....
Electric bell တီးသည်နှင့် ကျောင်းခန်းထဲမှ အဖြူအစိမ်းကျောင်းဝတ်စုံဖြင့် ကလေးငယ်များ အတန်းလိုက် ညီညိညာညာထွက်လာကြသည်။
KAMU SEDANG MEMBACA
Right Person (Complete)
Fantasiတစ်ချိန်တစ်ခါတော့ လူတွေက ရွေးချယ်ခြင်းမှာ မှားယွင်းတတ်တယ်...! အချိန်တွေသာ နောက်ပြန်ဆုတ်ခွင့် ရမယ်ဆို မင်းကိုပဲ ပြန်ရွေးချယ်ရမလား...? ခက်ဆစ် အချိန်တန်ရင် မောင်ဆီပဲ ပြန်လာမို့ မောင်စောင့်နေမယ်... ခက် မောင်ဆီပြန်လာ...