Right Person (8)

1.1K 82 2
                                    

"တင်းတောင်....တင်းတောင်....တင်းတောင်..."

ခြံတံခါး ဘဲလ်တီးသံကြောင့် မဆက်ကာရန် အိမ်ထဲမှ အပြေးထွက်လာ၍ ခြံတံခါးကို ဖွင့်လိုက်သည်။

"ဟော...မောင်လေး...လာ...လာ..."

"မဆက်...ကျွန်တော် ဆက် ကျောင်းမလာလို့ စိတ်ပူလို့လာမိတာ.."

"ဝင်..ဝင်..ခက်ရေ....ဆက် တစ်ကောင် ဘာဖြစ်နေမှန်းမသိဘူး သုးံရက်လုးံလုးံ အခန်းတွင်း အောင်းပြီး ထမင်းလည်း မစားဘူး...ငါ့ မောင်လေး သူ့ကို. ပြောကြည့်ပါအုးံ...အသဲတွေများ ကွဲနေတာလားပဲ.."

"ဟုတ်မ..."

ခက်ဆစ်လည်း အိမ်ထဲသို့ ရောက်သည်နှင့် ဒုတိယ ထပ်ရှိ
ဆက်၏ အခန်းသို့ တိုက်ရိုက်ဝင်လာလိုက်သည်။

ခက်ဆစ်အတွက်ကတော့ အမြဲလိုလို ကိုယ့်အိမ်ကိုယ့်ယာလို ဖြစ်နေတဲ့ ဆက်ရဲ့ အခန်းကို ရောက်ဖို့ မခက်ခဲ။

ဆက်ရဲ့ အခန်းထဲကို ဝင်လိုက်သည်နှင့် နှစ်ယောက်အိပ် မွေ့ယာကုတင်ကြီး ၊ ဘေးတစ်ထက်တစ်ချပ်တွင် အဖြူရောင့် မီးအိမ်များ၊ မလှမ်းမကမ်းတွင် စာကြည့်စားပွဲနှင့် စာအုပ်စင်၊
ဆက် အင်္ကျီများ ထည့်ထားသည့် ကျွန်းဗီရိုကြီး နှစ်လုးံ ၊
ဖိနပ်စင် ၊ရေချိုးခန်းဖြင့် ဆက်ရဲ အခန်းဟာ တင့်တယ်နေသည်။

ကုတင်ခေါင်းရင်းရဲ့ နံရံမှာတော့ ဆက်နှင့်ခက်၏ အသက်
၁၅နှစ်က ကျောင်းပြေးရင်း ခက်၏ ဖိနပ်ပြတ်သွားတာကြောင့်
ဆက်က ခက်ကို ကုန်ပိုးကာ ဟာသများပြောရင်း နှစ်ယောက်သား ရယ်မောကာ လမ်းလျှောက်ရင်း မြူနှင်း ရိုက်ပေးထားသည့်ပုံအား ဘောင်ခတ်၍ နံရံတွင် ကပ်ထားသည်။

ဆက်၏ အခန်းထဲ စဝင်ပြီဆိုလျှင် ပထမဆုးံ မြင်ရမည့် အရာက ထိုဓာတ်ပုံပင်။

"ဆက်....ထတော့လေကွာ....မင်း ကျောင်းမတက်တာ ဘယ်နှရက်ရှိပြီလဲ...နေမကောင်းသေးဘူးလား..."

ခက်က ပြောရင်း ဆက်အခန်း၏ တစ်ဖက်က မှန်နံရံများကို ကာထားသည့် လိုက်ကာ ကြိုးကိုဆွဲလိုက်တာကြောင့်
ဆက်၏ အခန်းတွင်း အလင်းရောင်များ ဝင်ရောက်လာသည့်။

ထိုမှန်နံရံမှ ဖောက်ကြည်ရင် တစ်ဖက်က တစ်ထပ်တိုက်ကလေးတွင် ရှိသည့် ရိုးရှင်းလွန်းသည့် ခက်၏
အခန်းကို တိုက်ရိုက်မြင်ရသည်။

Right Person (Complete)Where stories live. Discover now