Right Person (35)

724 60 7
                                    

"ပါး..."

ကြမ်းပြင်တွင် အရုပ်များနှင့် ကစားနေရင်း
အရုပ်များကို ပစ်ချကာ ဆိုဖာပေါ်တွင် ထိုင်နေသော
ခက်ဆစ်ဆီသို့ လေးဘက်ထောက်ကလေးဖြင့် လှမ်းလာနေသော ဘုးံဘုးံလေး။

ခက်ဆစ်အမေသည် မီးဖိုချောင်ထဲတွင် ဘုးံဘုးံလေးအတွက် နို့ဖျော်ပေးနေတာကြောင့် ဧည့်ခန်းထဲတွင် ဘုးံဘုးံနှင့် ခက်ဆစ်နှစ်ယောက်သာ။ ဆက်ကရန် မသွားမဖြစ်အစည်းအဝေးမို့သာ ခက်ဆစ်ကို ကြည့်ရန် မေမေခက်ကို အိမ်သို့ ခဏခေါ်ထားလိုက်သည်။

ခက်ဆစ်။ နိုးကတည်းက တစ်ကိုယ်လုးံတုန်ရင်နေပြီး
မျက်စိရှေ့က ပေါ်သမျှကို ပျက်စီးပစ်ချင်နေသည်။
ညဘက်လည်း အိပ်မရတာကြောင့် မျက်ကွင်းများလည်း
ညိုကာ အရင်က စိုစိုပြေပြေရှိခဲ့သော ဆံနွယ်လေးများဟာလည်း ခြောက်သွေ့နေသည်။

အသားအရည်က ဖြူသည်ထက် ပိုပြီး သွေးမရှိသည့်ဘက်ကို
ရောက်နေပြီး နှုတ်ခမ်းများကလည်း မဲပြာနေသည်။
တစ်ချက်ချက်လည်း လက်သည်းများကို ကိုက်နေတတ်သည်။

"ပါး.."

"..."

"ချီ..."

"...."

ဆိုဖာကို ကိုင်ကာ အားယူပြီး မတ်တပ်ရပ်လိုက်သော ဘုးံဘုးံ။
ပါးဖောင်ဖောင်းလေးကို ထင်းနေအောင် သွားလေး ခြောက်ချောင်းကို ပေါ်နေအောင် ရယ်ပြသည့်ဘုးံဘုးံလေး။

ဘုးံဘုးံလေးက ချီစေချင်နေသော်လည်း ခက်ဆစ်မှာ ဘုးံဘုးံလေးကိုပင် မမှတ်မိ။

"ပါး...ချီ"

သူပြောတာကို ဂရုမစိုက်တဲ့ ခက်ဆစ်ကြောင့် ဘုးံဘုးံလေး မျက်ရည်များ ရစ်သိုင်းကာ ဝမ်းနည်းစပြုလာပြီး။

စိတ်ရှုပ်ဟန်ပေါ်နေသည့် ခက်ဆစ်သည် ဘုးံဘုးံလေးအား
သူကိုယ်တိုင်ပင်မထိန်းချုပ်လိုက်နိုင်ဘဲ ဆိုဖာကို အားယူကာ မတ်တပ်ရပ်ထားသည့် ဘုးံဘုးံလေးအား တွန်းလိုက်မိသည်။

"ပါး...ဟင့်...အဟင့်..."

အော်ငိုလာတဲ့ ဘုးံဘုးံကြောင့် ခက်ဆစ် သူလက်ကို သူပြန်ကြည့်ုကာ မယုံနိုင်ခြင်းများစွာနဲ့။

Right Person (Complete)Where stories live. Discover now