မနက်ခင်းနေရောင်ခြည်က အခန်းတွင်းသို့ ထိုးဖောက်လာသည့်နှင့်အမျှ ဆက် မျက်ခုးံများ တွန့်ချိုးကာ မျက်လုးံများ ဖွင့်လိုက်သည်။
ညက ရင်ခွင်ထဲ ထည့်၍ အိပ်စက်ခဲ့သော်လည်း ယခုတော့
အထီးကျန်လှသည့် မနက်ခင်းတစ်ခုလို အေးစက်နေသည့်
နေရာတစ်ခုသာ။ဆက် ကုတင်ပေါ်တွင် ထထိုင်လိုက်ကာ မနေ့ညက အကြောင်းများကို စဉ်းစားနေမိသည်။ မထင်မှတ်ထားဘဲ ဖြစ်သွားသည့် အခြေအနေကြောင့် မျက်နှာတွင် ပြုးံရိပ်ထင်နေသည်။
အိပ်ရာမှ ထပြီး ကျောင်းသွားဖို့ ခက် ကိုဝင်ခေါ်ရမှာမို့ ဆက်
အပျင်းကြီးနေတော့ဘဲ ထလိုက်သည်။ရှေ့ဆက်ပြီး ဘာဖြစ်လာမလဲ ဆက် သေချာမသိပေမဲ့
သေချာတာကတော့ ဇွဲမာန်ထက် လက်မှ သူပိုင်သည့် အရာကို ပြန်လုမည်။"သားဆက်...ပေါက်စက ကျောင်းသွားပြီး"
ဆက် ကျောင်းသွားဖို့ ခက် ကိုဝင်ခေါ်လိုက်သည်။ အမြဲလိုလို ကျောင်းကို တူတူသွားနေကြဖြစ်သည့် ခက်က ရှောင်နေသည်။
ကျောင်းရောက်တော့လဲ သူငယ်ချင်းအဖွဲ့က စုံနေသော်လည်း
ခက်ဆစ်၏ အရိပ်အယောင်ကိုမတွေ့ရ။ကျောင်းချိန်ပြီးလို တစ်နေ့လုးံသာ ပြီးသွားသည်။ ခက်ဆစ်ကတော့ ဆက်ကရန်၏ အရှေ့သို့ ပေါ်မလာခဲ့။
နောက်မှ သိလိုက်သည်။
ဇွဲမာန်ထက် နေမကောင်းဟု ဖုန်းလှမ်းဆက်တာကြောင့်
ဇွဲမာန်ထက်၏ တိုက်ခန်းသို့ သွားနေခြင်းကြောင့်။နောက်တစ်နေ့ရောက်တော့ ဆက် ထုးံစံအတိုင်း ခက်ဆစ်အိမ်သို့ ဝင်ခေါ်ခဲ့သည်။
ခက်ဆစ်သည် အဲနေ့ညက အကြောင်းကို ဘယ်တုန်းကမှ မရှိခဲ့သလို သူအား ဆက်ဆံနေသည်။နောက်မှ အေးဆေးမှပဲ ပြောကြတာပေါ့လို့သာ တွေးလိုက်သည်။
"ဟက်...မင်း မရှက်တတ်ဘူးလား"
အတန်းတက်ချိန် ခက်ဆစ်က ရေဆာတယ်ဆိုတာကြောင့် ရေထွက်ဝယ်ရင်း အပြန်လမ်းတွင် ဇွဲမာန်ထက်ဆိုတဲ့ကောင်နဲ့ တွေ့ခြင်း။
ရန်ဆောင်နေသည့် မေးခွန်းမျိုးဖြစ်တာကြောင့် သေချာသည်
ဇွဲမာန်ထက် ဆိုတဲ့အကောင် သံသယဝင်နေသည်ဆိုတာ။

YOU ARE READING
Right Person (Complete)
Fantasyတစ်ချိန်တစ်ခါတော့ လူတွေက ရွေးချယ်ခြင်းမှာ မှားယွင်းတတ်တယ်...! အချိန်တွေသာ နောက်ပြန်ဆုတ်ခွင့် ရမယ်ဆို မင်းကိုပဲ ပြန်ရွေးချယ်ရမလား...? ခက်ဆစ် အချိန်တန်ရင် မောင်ဆီပဲ ပြန်လာမို့ မောင်စောင့်နေမယ်... ခက် မောင်ဆီပြန်လာ...