Right Person (25)

849 65 1
                                    

"အာ...နောက်တစ်လုတ်...လိမ်မာလိုက်တာ..."

ဒေါက်...ဒေါက်...

တံခါးခေါက်သံနဲ့အတူ ဝင်လာသော မာန်။

"အကို ရောက်ပြီလား"

မာန်...အေးစက်သောအကြည့်များနှင့် တစ်ချက်ကြည့်ကာ
ခေါင်းငြိမ့်ပြလိုက်သည်။

"ဖေဖေ..."

ပြုးပြပြီး ခေါ်နေတဲ့ကလေးက ညဘက်ဆို အိမ်မက်ဆိုးတွေ
မက်ကာ ငိုငိုနေတတ်ပြီး အကြောင်းအရင်းမရှိ တစ်ယောက်တည်း သီးသန့်နေလာတတ်သည်။

ညဘက်ဆို တစ်ယောက်တည်း အိပ်တတ်တဲ့ကလေး
အမှောင်လဲ ကြောက်တတ်လာပြီး အနားမှ ဘယ်သူမှ မရှိရင်
တစ်နေရာရာကို ဝင်ပုန်းတတ်လာတယ်။

"ဖေဖေ..သားလေ...ထမင်းစားနေတာလား.."

"ဟုတ်...ဟီး..ဟီး.."

"စားပြီးရင်..ဆေးသောက်ရမယ်နော်...လိမ်မာတယ်မလား"

ဆေး ဆိုသည့်အသံကြားလိုက်သည်နှင့် မျက်လုးံလေးထဲမှာ
မျက်ရည်များ ဝဲရစ်ပြီး ငိုပါတော့သည်။

"အူး..ဝါး...သား...သား..ဆေးသောက်ချင်ဘူး...မေမေ...
သောက်ဘူးနော်...သောက်ဘူး...အီး..ဟီး.."

အမေတစ်ယောက်ဖြစ်သည့် ဝင့်ဝါမိုင်၏ ရင်ထဲတွင် နှလုးံသား
ကို ဓားနဲ စိုက်တာထက် ခံရခက်သည်။

ငါးနှစ်အရွယ်သာ ရှိသေးသည့် ကလေးငယ်တစ်ယောက်
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုခံစားခဲ့ရတာကြောင့်
ကာကွယ်ဆေးများစွာ သောက်နေရသည်။

"သားကလည်း...လိမ်မာပါတယ်...ဆေးသောက်ပြီး
ရင်...မေမေ..ရေခဲမုန့်..ဝယ်ကျွေးမယ်လေ..နော်.."

"စားဘူး....သား...ဆေးသောက်ဘူး...အီး..ဟီး...ဆေးသောက်ချင်ဘူး...."

မာန်လည်း ကုတင်ပေါ်က သားလေးကို ကောက်ချီကာ ကျောကုန်းလေးကို ပွတ်သပ်ရင်း

"အေး...အေး..လိမ်မာတယ်...မငိုနဲ့တော့နော်...
တိတ်..တိတ်..လိမ်မာတဲ့..သားလေးက..ဘယ်သူသား
လေးလဲ..."

"ဟင့်..ဟင့်..ဖေဖေသား.."

ရိုက်သံလေးများနှင့် ကလေးက သနားဖွယ်။

Right Person (Complete)Tempat cerita menjadi hidup. Temukan sekarang