မာန်၏ ကားဟာ ခြံဝန်းထဲမှ ထွက်သွားသည်နှင့် မလှမ်းမကမ်းတွင် ရပ်ထားသည့် အနက်ရောင် ကားတစ်စီးမှ လူတစ်ယောက်ဆင်းလာသည်။
အလျှင်လိုနေကာ ခြံတံခါး ပြန်မပိတ်ခဲ့တာကြောင့်
လပြည့်ဝန်း ထိုခြံဝန်းထဲသို့ အလွယ်တကူဝင်ရောက်လာခဲ့သည်။ခြံတံခါးမပိတ်သွားသော်လည်း အိမ်အား သော့ခတ်သွားသောကြောင့် လပြည့်ဝန်း ရယ်လိုက်မိသည်။
မာန်၏ ပုံစံက ဘာနဲ့တူလဲဆိုတော့ အရုပ်ကလေးကို တစ်ခြားသူ လုယူသွားမှာဆိုးတဲ့ ကလေးဆိုးလေးတစ်ယောက်လို။
ကံကောင်းသည်က လပြည့်ဝန်းသည် ကျောင်းတုန်းက လူဆိုးလေး တစ်ယောက်ဖြစ်ခဲ့သည်ပင်။
စားမေးပွဲမေးခွန်းများ ထားရာ အခန်းအား လပြည့်ဝန်းတစ်ယောက် အမြဲသော့ဖျက်ကာ ဝင်ပြီး မေးခွန်းများ ခိုးနေကြဖြစ်သောကြောင့် သောဖျက်ခြင်းက သူအတွက် မခက်ခဲ။
လပြည့်ဝန်းအတွက် လွယ်ကူစွာ သော့ဖျက်ပြီး အိမ်ထဲသို့
ဝင်လာသည့်အခါ ဧည့်ခန်းတွင် မလှုပ်မယှက်ထိုင်နေသော
ခက်ဆစ်ကြောင့် ခန္ဓာကိုယ်ရှိ လိပ်ပြာလေးပါလွင့်သွားမလို။"wtf....လန့်တာ ခက်ဆစ်ရယ်.... "
ဧည့်ခန်းထဲတွင် ထိုင်နေသည့် ခက်ဆစ်၏ မျက်နှာက
လုးံဝကို သွေးအေးလူသတ်သမားတစ်ယောက်ပင်။"မင်းနောက်ကျတယ်"
"ဟိုဘက်မှာ ပြသာနာ နည်းနည်းရှိသွားလို့"
"သွားမယ်"
ထိုင်နေရင်းမှ မတ်တပ်ထကာ ခက်ဆစ်တစ်ယောက် သူ၏
လှောင်အိမ်မှ ထွက်သွားရန် အဆင့်သင့်ဖြစ်နေပြီး။...........................
ဆေးရုံအခန်းတစ်ခန်းရှိ သုးံနှစ်အရွယ်ကလေးလေးသည်
အောက်ဆီဂျင်ပိုက်များ၏ အကူဖြင့်သာ အသက်ရူနေရသည်။မိခင်တစ်ယောက်အတွက်တော့ ဒီမြင်ကွင်းက ဆိုးဝါးလွန်းနေပြီ။
ကိုယ့်ကလေးကို ထိခိုက်ခံပြီး ရလာတဲ့ ပန်းခင်းလမ်းကို ဆက်လျှောက်ဖို့ မရဲ။
သူကိုယ့်သူ မိခင်တစ်ယောက်လို ခေါ်ဝံသေးလား။
ဆေးစစ်ချက်များနဲ့အတူ ဒေါက်တာတစ်ယောက် ဝင့်ဝါမိုင်. အနီးသို့ရောက်လာသည်။
![](https://img.wattpad.com/cover/253233521-288-k147555.jpg)
KAMU SEDANG MEMBACA
Right Person (Complete)
Fantasiတစ်ချိန်တစ်ခါတော့ လူတွေက ရွေးချယ်ခြင်းမှာ မှားယွင်းတတ်တယ်...! အချိန်တွေသာ နောက်ပြန်ဆုတ်ခွင့် ရမယ်ဆို မင်းကိုပဲ ပြန်ရွေးချယ်ရမလား...? ခက်ဆစ် အချိန်တန်ရင် မောင်ဆီပဲ ပြန်လာမို့ မောင်စောင့်နေမယ်... ခက် မောင်ဆီပြန်လာ...