Right Person (34)

712 64 7
                                    

ဆက်ကရန် အစည်းအဝေးပွဲမပြီးခင် ထကာ ဆေးရုံသို့
အမြန်ရောက်လာခဲ့သည်။ ကုတင်ထက်တွင် အိပ်ပျော်နေသောဘုးံဘုးံကို ကြည့်၍ စိတ်မကောင်းဖြစ်ရသည်။ သားအရင်း မဟုတ်သော်လည်း
သားအရင်းလို ချစ်ရသည့်ကလေးတစ်ယောက်မလား။

"ငယ်..."

"မောင်"

ကုတင်ဘေးတွင် ငိုနေသော ခက်ဆစ် ဆက်ကရန်ကို
တွေ့သည်နှင့် အားကိုတကြီး ရင်ခွင်ထဲသို့ ဝင်ကာ ငိုကြွေးတော့သည်။

"မောင်...ငါ့အမှားတွေ...ဘုးံဘုးံလေ...ငါ့မစောင့်ရှောက်နိုင်ပြန်ဘူး..ဘုးံဘုးံလေးကို"

"တိတ်..တိတ်..မငိုနဲတော့...ငယ်အမှားမဟုတ်ဘူး...ဘုးံဘုးံလေးက နိုးလာမှာ"

ငိုနေတဲ့ ကောင်လေးကို အတတ်နိုင်ဆုးံ ချော့ပြီး ဘုးံဘုးံလေးအကြောင်းကို ခက်ဆစ်၏အဖေမှ ပြောပြလာသည်။

"မြေးလေးက အစာအိမ်ဆေးထားရတယ်"

"အစာအိမ်..."

"ဟုတ်...ဆရာဝန်ကြီး ပြောကြားချက်ကတော့ ပမဏနည်းနည်း နည်းနည်းနဲ့ အိပ်ဆေးတိုက်ထားမိတယ်။
ပမဏနည်းပေမဲ့လည်း တိုက်ပါများလာတော့ မြေးလေးက
ဒဏ်မခံနိုင်တာပဲ"

"တောက်...!"

"ဒေါသကိုလျော့...သား ဒီကိစ္စက သွေးရိုးသားရိုးမဖြစ်နိုင်ဘူး။မြေးလေးရဲ့ အသက်အန္တာရယ်ကိုပါ လာထိခိုက်တော့ အမေကတော့
ဘယ်လိုမှ သည်းမခံနိုင်ဘူး"

မေမေခက်ကလည်း အထင်များကို ပြောပြပြီး ဘုးံဘုးံလေးအပေါ် ဘယ်လောက်စိုးရိမ်နေကြောင်း ပေါ်လွင်နေသည်။

အားလုးံထဲမှာ ခက်ဆစ်ကတော့ အဆိုးဆုးံပင်။

ဖေဖေနဲမေမေက အိမ်တွင် လိုအပ်သည့် ပစ္စည်းများယူရန်
ပြန်သွားကြပြီး ဆက်ကရန်ကတော့ ခက်ဆစ်အား ရင်ခွင်ထဲထည့်ထားတော့သည်။

မတော်တဆများ ဘုးံဘုးံလေးသာ တစ်ခုခုဖြစ်သွားရင် ခက်အတွက်ကတော့ မတွေးရဲစရာပဲ။

"မောင်..."

"အမ်...ပြောလေ ငယ်"

"နီလာ...နီလာပဲဖြစ်မှာ"

"ဘာကိုလဲ"

"ငါ့သားကို အိပ်ဆေးတိုက်တာ။ သူပဲ ဘုးံဘုးံအတွက်
အမြဲ နို့ဖျော်ပေးတာ ။ ငါ့ သူ့ကို ယုံကြည့်ခဲ့လို။ သူစိမ်းတစ်ယောက်ကို ယုံကြည်ခဲ့လို ငါ့သားလေးကို
နောက်တစ်ခါ ဆုးံရူးံရမလိုဖြစ်ပြီပြီ။ ငါ့... ငါ့က တစ်ကယ်
ညံတဲ့ အဖေတစ်ယောက်ပဲ။ ဘုးံဘုးံလေးအတွက် ငါ့ တာဝန်မကျေခဲ့ပြန်ဘူး..ဟင့်"

Right Person (Complete)Where stories live. Discover now