Right Person (33)

683 60 7
                                    

Love ကဖေးဆိုင်လေးသို့ ပြိုင်ကားလေး ရပ်လိုက်သည်နှင့်
ကားထဲမှ ကောင်လေးသည် အသက်မရှိသော မျက်ဝန်းများဖြင့် ကားပေါ်မှ ဆင်းလာကာ လိုက်ပို့ပေးသူကို
နှုတ်ဆက်ရန်ပင် မေ့လျော့နေခဲ့သည်။

ထူးလေး ဆိုင်ထဲရောက်သည်နှင့် ဆိုင်ကို သန့်ရှင်းရေးလုပ်ကာ စားပွဲများသုတ်လိုက်သည်။
ကော်ဖီစက်ကလေးအား သန့်ရှင်းရင်း ကိတ်မုန့်များအား
နေရာတကျ စီစဉ်နေသည်။

"အကို..."

"...."

"အကို"

"...."

ဝဏ မိမိခေါ်သည်ကို မကြားလောက်လောက်အောင်
စိတ်လွင့်နေတဲ့ ထူးလေးကို ရင်ခွင်ထဲသို့ ဆွဲဖက်ရင်း...

"ငိုလိုက်။ ကျွန်တော်ရှေ့မှာ ဟန်ဆောင်နေစရာမလိုဘူး။
ငိုချလိုက်ပါ"

"အဟင့်...ဟင့်.."

ရှိုက်သံလေးများ စတင်ထွက်ပေါ်လာကာ ခေါင်းဖွက်ထားသော ဝဏ၏ ရင်ဘက်နေရာတွင်လည်း
မျက်ရည်များဖြင့် စိုရွဲလာတော့သည်။

"ပုံချလိုက်...ကျွန်တော်အပေါ်ကို။ အကို မကျေနပ်တာမှန်သမျှ ။"

လက်သီးသေးသေးလေးဖြင့် ထုရိုက်ရင်း ကလေးတစ်ယောက်လို အော်ငိုလာတာကြောင့် ဝဏ ပြုးံလိုက်မိသည်။

အကိုက သူအပေါ် မှီခိုတာပဲ။

"Sorry ငါ့စိတ်လွတ်သွားတယ်။ မင်း ပြန်တော့လေ
ဒီနေ့ အကိုတစ်ယောက်တည်းနေချင်လို့"

ငိုနေရင်းကနေ လူကြီးတစ်ယောက်ပုံပြောင်းကာ ရင့်ကျက်သွားပြန်သော လူသားအား မြတ်နိုးမိပြန်သည်။

မကြာမီအချိန်အတွင်း အကိုက သူလက်ထဲ ရောက်လာတော့မည်မို့ အခုတော့ အကို လွတ်လပ်ပါစေအုန်း။

"ကျွန်တော်ပြန်ပြီနော်...အကို "

ထူးလေး ပြုးံရင်း ခေါင်းငြိမ့်ပြလိုက်သည်။ မိမိအပူကို
သူများအား မကူးစေလို။ ဝဏဆိုတာ ရုန်းကန်ကာ
စာကြိုးစားနေသော တက္ကသိုလ်ကျောင်းသားလေး။
မိမိကြောင့်နှင့် အနှောင့်ယှက်ဖြစ်မည်ကို မလိုလား။

.......

"နီလာ...ငါ့ကို နို့တစ်ခွက်လောက်"

နိုးနိုးလာချင်းပင် မျက်နှာပင် မသစ်နိုင် အောက်ထပ်က မီးဖိုချောင်မှ နီလာထံ နွားနို့တောင်းလိုက်တော့ အဆင့်သင့်
ဖျော်ပြီးသား နွားနို့ပေးလာသဖြင့် တစ်ကျိုက်တည်း မော့သောက်လိုက်မှ လူက နေသာထိုင်သာရှိသွားသည်။
မဟုတ်လျှင် တစ်နေ့လုးံတစ်ခုခုလိုနေသလိုနှင့် စိတ်မကြည်မှုများ ပေါ်ပေါက်လာသည်။

Right Person (Complete)Hikayelerin yaşadığı yer. Şimdi keşfedin