မနက်ခင်း နေရောင်ခြည်သည် ပြတင်းပေါက်မှတစ်ဆင့် ဖြာကျလာပြီး အခန်းတွင်းသို့ အလင်းများဖြည့်ကျက်တော့
မာန်ဆိုသည့်လူသား နိုးလာခဲ့သည်။အရင် မနက်ခင်းများနှင့်မတူ နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့သော
ညလေး။ သို့သော်လည်း အိမ်မက်ဖြစ်နေမည်ကို စိုးရွံနေမိသည်။ရင်ခွင်ထဲတွင် အသက်ရူသံမှန်မှန်ဖြင့် အိပ်ပျော်နေသော ကောင်လေး၏ နဖူးကို နမ်းရင်း ရေချိုးခန်းထဲသို့ ဝင်ခဲ့သည်။
ယခုချိန်မှာ အပျော်ဆုးံလူသားဟာ ဇွဲမာန်ထက်ဆိုသည့် လူသားပင်။
ဘာကြောင့် ခက်ဆစ် လမ်းမှာသတိမေ့လဲနေလဲ။ အကြောင်းအရင်းကို စုံစမ်းရအုးံမည်။
ခက်ဆစ် ပါးပေါ်သို့ နူးညံသော အထိအတွေ့လေးကြောင့်
နိုးလာခဲသည်။ ချစ်စရာကောင်းသည့် ကလေးလေး။
ပါးဖောင်းဖောင်းလေးတွေက ပြုးံလိုက်တော့ ပါးချိုင့်ကလေးနဲ့။"ဦးဦးက ဘာလို့ ဖေဖေအခန်းထဲမှာ အိပ်နေတာလဲ"
ကလေးလေး အမေးကြောင့် အခန်းကို ကြည့်မိလိုက်သည်။
ဒါ...ငါ့ကို ဘယ်ကို ရောက်နေတာလဲ။ ကြည့်ရင်းနှင့် နံရံကပ် ဓာတ်ပုံကို ကြည့်မိတော့ မာန်နှင့်သူ၏ လက်ထပ်ပွဲတုန်းက ပုံ။
မဖြစ်နိုင်တာ။ ငါ့က ဘယ်လိုလုပ်....
"ဦးဦး...မေးနေတယ်လေ"
နှုတ်ခမ်းလေး ထော်ကာ စိတ်ဆိုးပုံ ပေါ်လာတဲ့ကလေးလေးကို ပေါင်ပေါ်သို့ ပွေ့ချီလိုက်ရင်း။
"သား နမည်ဘယ်လိုခေါ်လဲ"
"အမ်...သားနမည်က မုန်းဇွဲမိုင်ပါဗျ။ ဦးဦးရော"
"ဦးဦးက ခက်ဆစ်။ သားဖေဖေနဲ့ သူငယ်ချင်း"
"ဟွန့်...သူငယ်ချင်းက ဘာလို့ ဖေဖေအခန်းထဲမှာ အိပ်နေတာလဲ။ ပြီးတော့ သားမေမေတောင် ဒီအခန်းထဲ ဝင့်ခွင့်မရှိဘူး။ "
"ဟေ...ဟုတ်လား"
ခေါင်းလေး ငြိမ့်ပြလာတဲ့ကလေးလေးကို ကြည့်ကာ ခက်ဆစ် ပြုးံလိုက်မိသည်။ ဘုးံဘုးံလေး ကြီးလာရင်ရော ဒီလိုမျိုး စကားတတ်တဲ့ ကလေးလေးဖြစ်လာမလား။
ESTÁS LEYENDO
Right Person (Complete)
Fantasíaတစ်ချိန်တစ်ခါတော့ လူတွေက ရွေးချယ်ခြင်းမှာ မှားယွင်းတတ်တယ်...! အချိန်တွေသာ နောက်ပြန်ဆုတ်ခွင့် ရမယ်ဆို မင်းကိုပဲ ပြန်ရွေးချယ်ရမလား...? ခက်ဆစ် အချိန်တန်ရင် မောင်ဆီပဲ ပြန်လာမို့ မောင်စောင့်နေမယ်... ခက် မောင်ဆီပြန်လာ...