သို့...ငါ့ဘဝရဲ့အလင်းရောင်ကြယ်စင်လေး
ငါ့ဟာ လောကကြီးမှာ ကံအကောင်းဆုးံလူသားတစ်ယောက်ဖြစ်ခဲ့ပါသည်။ မင်းပေးတဲ့အလင်းရောင်လေးနဲ့ပေါ့။ သို့သော်လည်း ငါ့ဟာထဝရပိုင်ဆိုင်ခွင့်ရှိသူမဟုတ်ပြန်ဘူး။ကြယ်လေး
မင်းသိလား။ငါ့ဘဝက မင်းရဲ့အလင်းနဲ့အသက်ဆက်နေတယ်ဆိုတာ။
မင်းမရှိတော့မဲ့ငါ့ဘဝကိုငါ့မဖြတ်သန်းချင်ဘူး။ဒါကြောင့်ငါ့ဟာ
အလင်းရောင်လေးကိုမလိုအပ်တဲ့သူတစ်ယောက်ဖြစ်ဖို့လိုသည်။နှူတ်ဆက်ခဲ့ပါတယ်...ငါ့ရဲ့ကြယ်ကလေး။.............
ထူးလေးတစ်ယောက် ဆိုင်အပြင်သို့ထွက်လာပြီး လမ်းလျှောက်ရန်ပင်အားမရှိတော့။သိနေပေမဲ့လည်းလက်တွေ့ကခံရခက်လွန်းလှသည်။ဒီလူသားဟာကိုယ့်အပိုင်မဟုတ်တော့ပါ။
ခံစားချက်များကိမုကွယ်ဝှက်ထားနိုင်တဲ့အထိထူးလေးမျက်ရည်မိုးများရွာမိတော့သည်။ဘေးမှဖြတ်သွားဖြတ်လာလူများဟာလည်းသူအားအရူးတစ်ယောက်နှယ်ထူးဆန်း၍ကြည့်နေကြသည်။
မီးနီတော့မည်ကိုသိနေသော်လည်းထူးလေးလမ်းဖြတ်ကူးနေမိသည်။တစ်ကြိမ်လောက်တော့ပြည့်အားအရမ်းချစ်ခဲ့တယ်လို့ပြောခဲ့ချင်ပေမယ့်ကံကြမ္မာကသူအားပြောခွင့်မပေးတော့။
"ထူးလေး....!"
လိုက်လာသည်။ပြည့်သူနောက်ကိုလိုက်လာသည်တဲ့။ပျော်လိုက်တာ။ ဒါပေမယ့်လည်း နှုတ်ဆက်ခဲ့ပါတယ်။
ခန္ဓာကိုယ်လေးလေပေါ်လွင့်၍ပြုတ်ကျသွားသည့်တိုင်
နာကျင်မှုမခံစားရပါ။အိုင်ထွန်းနေသောသွေးများကမိမိသွေးများဖြစ်သော်လည်းနာကျင်သည်ဟုမခံစားရပါ။တကယ်ပဲမျှော်လင့်ချက်ပေးပြီးရိုက်ချိုးပစ်ခဲ့တဲ့ကံကြမ္မာဇာတ်ဆရာ....ခင်ဗျားလည်းတစ်နေ့ဝဋ်မလည်ပါနဲ့စေဗျာ....
.............
ခွဲစိတ်ခန်းရှေ့ လပြည့်ဝန်းတစ်ယောက်စိုးရိမ်မှုများဟာ အစိုးမရပေ။ ဆောက်တည်ရာမရ။သူ၏ဆုးံဖြတ်ချက်မှားယွင်းခဲ့သည်။တစ်ချိန်က ထူးလေးပြောခဲ့သည့်စကားများဟာသူ၏နားတွင်တဝဲဝဲလည်နေသည်။
KAMU SEDANG MEMBACA
Right Person (Complete)
Fantasiတစ်ချိန်တစ်ခါတော့ လူတွေက ရွေးချယ်ခြင်းမှာ မှားယွင်းတတ်တယ်...! အချိန်တွေသာ နောက်ပြန်ဆုတ်ခွင့် ရမယ်ဆို မင်းကိုပဲ ပြန်ရွေးချယ်ရမလား...? ခက်ဆစ် အချိန်တန်ရင် မောင်ဆီပဲ ပြန်လာမို့ မောင်စောင့်နေမယ်... ခက် မောင်ဆီပြန်လာ...