"ခက်...ငါ့ရောက်ပြီ..."
ဆက်အခန်းထဲ ဝင်၍ ခက်အား ကျောင်းသို့ သွားရန် အမြဲလိုလို ဝင်ခေါ်ဖြစ်သည်။
"ငါ့လာပြီ.."
ခက်ဆစ်လည်း ပြင်ဆင်ပြီးတာနဲ့ ထွက်လာလိုက်သည်။
ကျောင်းသို့ ရောက်သည်နှင့် အရင်ဆုးံ ကျောင်းကန်တင်းသို့
ဝင်လာကြသည်။ထိုင်နေကျ ဆိုင်ဖြစ်သည့် ထိုင်နေကျ နေရာလေးတွင် သူငယ်ချင်းများ စုကြသည်။
ခက်ဆစ် ၊ဆက်ကရန် ၊ မြူနှင်း က Eng မေဂျာ ၊
မြူခိုးနဲ့ လပြည့်ဝန်းက Phyမေဂျာ ၊ ပွှင့်လွှာက Law မေဂျာက ဖြစ်တာကြောင့် သူငယ်ချင်းများ စုသည့်နေရာကို မှတ်ထားကြသည်။"ရောက်နေတာ ကြာပြီလား.."
ဆက်ကရန် ရောက်ရောက်ခြင်း အရင် ကြိုရောက်နေသည့် အဖွဲ့ကို မေးလိုက်သည်။
"ကြာသေးဘူး...မင်းတို့ အတွက် မှာပေးထားတယ်.."
"ကျေးဇူးပဲ.."
မှာပေးထားသည့် ရှမ်းခေါက်ဆွဲကို စားပွဲထိုးလေးက လာချတာကြောင့် ဆက်ကရန် နယ်၍ ခက်ဆစ်ကို ပေးလိုက်သည်။
"ခက်..စားလေကွာ..ဖုန်းကြီးပဲ ကြည့်မနေနဲ့...အတန်း တက်ရအုးံမှာ.."
"ဟမ်...အော်...အမ်ပါ.."
ခက်ဆစ်လည်း ဖုန်းကို စားပွဲပေါ်သို့ ချကာ ဆက်ကရန် နယ်ပေးထားသည့် ရှမ်းခေါက်ဆွဲကို စားလိုက်သည်။
"ဟေး...ငါ့တို့ ကျောင်းပိတ်ရင်...ရုပ်ရှင်ကြည့်ကြရအောင်.."
အဖွဲ့တွင် သွက်သွက်လက်လက်ရှိပြီး စကားအများ ဆုးံဖြစ်သည့် ပွင့်လွှာက ပြောလိုက်သည်။
"အမ်..ကောင်းသားပဲ...ငါ့တို့ သူငယ်ချင်းတွေ ဒိတ် မလုပ်တာ ကြာနေ့ပြီ"
မြူနှင်းက ပွင့်လွှာ၏ စကားကို ထောက်ခံလိုက်သည်။
"ထောက်ခံကြလား..."
လပြည့်ဝန်းက အသံကျယ်ကြီးနှင့် မေးလိုက်တော့
အားလုးံက ခေါင်းငြိမ့်ပြကြသည်။"ငါ့ ဗိုက်ဝပြီ...ငါ့သွားနှင့်မယ်..တက်..ဒီနေ့ အတန်း မတက်တော့ဘူး.."

CZYTASZ
Right Person (Complete)
Fantasyတစ်ချိန်တစ်ခါတော့ လူတွေက ရွေးချယ်ခြင်းမှာ မှားယွင်းတတ်တယ်...! အချိန်တွေသာ နောက်ပြန်ဆုတ်ခွင့် ရမယ်ဆို မင်းကိုပဲ ပြန်ရွေးချယ်ရမလား...? ခက်ဆစ် အချိန်တန်ရင် မောင်ဆီပဲ ပြန်လာမို့ မောင်စောင့်နေမယ်... ခက် မောင်ဆီပြန်လာ...