ဝတိံထူး...။အကိုခက်ဆစ်တို့...ဆိုင်ကိုအလည်ရောက်လာတာကြောင့်...
အပြန်ကို...အကိုခက်ဆစ်၏ကားနဲ့ပဲ...ပြန်ခဲ့လိုက်သည်။
အိမ်ပြန်ရောက်တော့...ရေမိုးချိုးပြီး...ညနေစာဝင်ချက်လိုက်သည်။ပုံမှန်ဆို...ပြည့်ကသာ..ချက်ကျွေးနေတာဖြစ်ပေမယ့်...
စောစောပြန်ရောက်နေတာကြောင့်...ကျနော်ကိုယ်တိုင်...
ချက်ရန်ပြင်လိုက်သည်။ဆိုင်မီးဖိုချောင်နဲ့သာ...ရင်းနှီးသော...ကျနော်က...အိမ်မီးဖို
ချောင်ဝင်တော့...အခက်တွေ့နေတာ...အမှန်ပင်။ရေခဲသေတ္တာကို...ဖွင့်ကြည့်တော့...ဘူးထဲအသင့်ထည့်ထားသောငါးကို...ထုတ်လိုက်သည်။ပြီးတော့... ကန်စွန်းရွက်ကို
...ထုတ်ကာ ရေဆေးလိုက်ပြီး...နွင်လိုက်သည်။ ကန်းစွန်းရွက်ကြော်ရာမှာတော့..မခက်ခဲ။ငါးကြော်ကတော့..
ဆီပေါက်တာကြောင့်...ဂတ်စ်ပြန်ဖွင့်လိုက်...ပိတ်လိုက်နှင့်...
အဝေးကိုပြေးလိုက်...အိုးအနားကိုပြန်လာကာ...ငါးကို
လှန်လိုက်နှင့်...အနည်းငယ်လေးသာ တူးနေသော ငါးကြော်တစ်ပန်ကန်း။ ကြော်နေတုန်းက မသိလိုက်ပေမယ့်...
ကြော်ပြီးသွားတော့..လည်ဟိုက်ဝတ်ထားသည့်...လည်ပင်းနား..ဆီပေါက်များကြောင့်..အနီစက်များပြင်..ထနေသည်။အများကြီးလည်း...မပြင်ဆင်ဘဲ...ကြော်ထားတဲ့ငါးကြော်လေးနဲ...ကန်စွန်းရွက်ကြော်ကလေးကို..စားပွဲပေါ်တင်ပြီး..
ဆေးလူးလိုက်သည်။ ပြီးတော့...ပြန်လာရင်အတူတူ
စားပေမယ့်...သူကို..ဧည့်ခန်းတွင်..ထိုင်ကာ..ဖုန်းသုးံရင်း
မျှော်ရင်းပေါ့...။နေလုးံကြီးလည်းအနောက်အရပ်ကနေ ဝင်ပြီ။ အိမ်ပြန်
နောက်မကျဖူးသည့် ပြည့်က အခုထိ အိမ်ပြန်မလာသေး
တာကြောင့် စိုးရိမ်စိတ်က နေရာယူထားသည်။ ဖုန်းအား
တစ်ကြိမ်ပြီးတစ်ကြိမ်ခေါ်နေသော်လည်း မကိုင်။
နောက်ဆုးံတွင် ပြည့်ဖုန်းလေး ကိုင်ခဲ့သော်လည်း ဖုန်းဖြေသူ
က ပြည့်မဟုတ်ခဲ့။"ဟယ်လို...ပြည့်...ပြန်မလာသေးဘူးလား...ကျွန်တော်
ဟင်းချက်ပြီး..စောင့်...""ပြည့်မဟုတ်ဘူး...သူ..အိပ်ပျော်နေလို့...ဘာပြောပေးရမလဲ"
ကျနော်စကားပင်မဆုးံသေး ဖြတ်ချကာပြောလိုက်တဲ့စကားကြောင့် ကျနော် ရင်ထဲ ဗလာင်ဆူကာ အခုချက်ချင်းပဲ ပြည့်ကို ပြေးတွေ့ချင်နေမိသည်။
VOUS LISEZ
Right Person (Complete)
Fantasyတစ်ချိန်တစ်ခါတော့ လူတွေက ရွေးချယ်ခြင်းမှာ မှားယွင်းတတ်တယ်...! အချိန်တွေသာ နောက်ပြန်ဆုတ်ခွင့် ရမယ်ဆို မင်းကိုပဲ ပြန်ရွေးချယ်ရမလား...? ခက်ဆစ် အချိန်တန်ရင် မောင်ဆီပဲ ပြန်လာမို့ မောင်စောင့်နေမယ်... ခက် မောင်ဆီပြန်လာ...