Right Person (19)

853 71 0
                                    

ပါတီပွဲ။

သာမန်ပါတီပွဲမျိုး မဟုတ်ဘဲ လူချမ်းသာများသာ တက်ရောက်သော ဧည့်ခံပွဲကြီး။

အမေရိကရဲ နံပါတ်တစ် Companyကြီးမှ အိမ်ရှင်အဖြစ်
လက်ခံကျင်းပသည့် ပါတီပွဲဖြစ်တာကြောင့် ဖိတ်ကြားခံရခြင်း
ဖြင့် အထူးပင်ကံကောင်းနေခြင်း။

ကုမ္ပဏီသေးလေးများကလည်း ကုမ္ပကြီးများနှင့် လက်တွဲ၍ ရလိုရငှါး ရင်းနှီးမြုပ်နှံမှု လာရှာသူများ။

ဆက်ကရန်နှင့် ခက်ဆစ် ပါတီပွဲကြီးသို့ ရောက်နေသည်မှာ
7နာရီပင် ရှိနေပြီ။

ဆက် ကတော့ ရှယ်ယာရှင်များနှင့် အလုပ်ကြောင်းပြောနေတာကြောင့် ခက် နားမလည်သဖြင့်
အရိပ်အခြည်ကြည့်ကာ ရှောင်ထွက်လာလိုက်သည်။

ကား မမောင်းရသဖြင့် ရှမ်ပိန်တစ်ခွက်ကို ကိုင်ကာ ပါတီပွဲ
ရှိလူများကို လိုက်ကြည့်နေမိသည်။

"ခက်...ဘာဖြစ်လို့လဲ..သက်ပြင်း ခဏခဏ ချနေတာ.."

"မသိဘူး..ငါ့ စိတ်ထဲ လေးနေတယ်...နေရတာ မွန်းကျပ်သလိုကြီး"

"အဲဆို မောင်တို့ ပြန်ကြမလား"

ခက် ခေါင်းငြိမ့်ပြလိုက်သည်။

"ခဏ။ မောင် ပြန်တော့မယ်ဆိုတာကို သွားပြောလိုက်အုးံမယ်"

ဆက်ကရန် ထွက်သွားတော့ ခက်ဆစ် အိမ်ဖုန်းကို ဆက်ကြည့်သည်။

သို့သော်လည်း ဖုန်း မကိုင်။

ငှါးထားသည့် အလုပ်သမား ဖုန်းကို ဆက်တော့လည်း
မကိုင်။

ခက်ဆစ်၏ စိတ်ထဲမှာ ပို၍ပင် စိုးရိမ်လာသည်။

တစ်ခါမှ ဘုးံဘုးံလေးနဲ့ မခွဲဖူးလို့ ဖြစ်မှာပါလို့ပဲ ဖြည့်တွေးပေမဲ့
အိမ်ကိုသာ အမြန် ပြင်ချင်နေမိသည်။

"သွားရအောင်"

ဆက်ကရန် မတည်မငြိမ်ဖြစ်နေသည့် ခက်ဆစ်၏ လက်ကို
ဆွဲရင်း ပါတီပွဲမှ ထွက်လာလိုက်သည်။

"စိတ်အေးအေးထားပါ...ခက်..ခဏလောက် မှေးလိုက်။ အိမ်ပြန်ရောက်ရင် နိုးလိုက်မယ်"

ခက်ဆစ်လည်း ကားမှန်ကို မှီးရင်း မျက်လုးံကို ခဏလောက်
အနားပေးလိုက်သည်။

Right Person (Complete)Opowieści tętniące życiem. Odkryj je teraz