Right Person (4)

1.5K 137 1
                                    

ကော်ဖီခွက်ကလေးကို ကိုင်ကာ စတိုင်လ်ကျကျ သောက်နေသည့် လပြည့်ဝန်းအား ဆိုင်ထဲရှိ ဧည့်သည်ကောင်မလေးများသာမက ဝန်ထမ်းမလေးများကပါ ခိုးကြည့်ကာ နေတော့သည်။

မထူမပါးသော မျက်ခုးံအောက်က မျက်ဝန်းလေးက မည်သူမဆို ညိုယူနိုင်လွန်းတာက သူ၏ အားနည်းချက်။

View Piont ကောင်းကောင်းမှ မှန်နံရံ၏ အပြင်ဘက်ကို ငေးကာ တစ်စုံတစ်ယောက် သူစောင့်နေသည်။

သိပ်မကြာခင်မှာပဲ...မြန်မာအကျီ င်္ ထဘီရင်ဖုးံဖြင့် မိန်းကလေးတစ်ယောက် ထိုဆိုင်ထဲသို့ ဝင်လာသည်။

သူနေရာနှင့် သူ သူကောက်ကြောင်းနှင့်သူ လှပနေသော သူမသည် ကလေးတစ်ယောက်အမေဆိုတာက မည်သူမှ ယုံမည်မထင်။

သူမလည်း လပြည့်ဝန်းထိုင်နေသည့် နေရာသို့ တည့်မတ်စွာ လာ၍ ဝင်ထိုင်လိုက်သည်။

"မင်္ဂလာပါ ကိုလပြည့်ဝန်းလားမသိဘူး..."

လပြည့်ဝန်းသည်လည်း ရူခင်များမှ အကြည့်များကို ခွာ၍ ထိုမိန်းကလေးကို ကြည့်လိုက်သည်။

လှပသော မျက်ကပ်မှန်လေးနှင့် မျက်လုးံလေးက ပုရိသ ယောက်ျားများ အဖို့ စွဲမက်ဖွယ်အတိ...။

ဒါပေမယ့် လပြည့်ဝန်းကိုတော့ မထိရောက်..။

"ဟုတ်ပါတယ်...ကျွန်တော်နမည်က လပြည့်ဝန်းပါ...ဒီက မိန်းကလေးက ဝင့်ဝါမိုင်ထင်တယ်..."

"ဟုတ်ပါတယ်..ရင်းရင်းနှီးနှီး မိုင်လို့ ခေါ်လဲ ရပါတယ်..."

"ရပါတယ်...ဒီကိစ္စပြီးရင် ထပ်ပြီး တွေ့ရမဲ့လူမှ မဟုတ်တာ..
တစ်ခုခု မှာပါအုးံလား..."

"ရပါတယ်...လာရင်းကိစ္စပဲ ပြောကြတာပေါ့..."

"Ok... ကျွန်တော်လည်း ဒဲ့တိုးပဲ ကြိုက်ပါတယ်...
ကျွန်တော် ပြောချင်တာက ကျွန်တော် သူငယ်ချင်း
ခက်ဆစ်ကို ဇွဲမာန်ထက်က အိမ်ထဲ ပိတ်ထားတယ်။ဒါက
တရားမဝင်ဘူးဆိုတာ မိန်းကလေးသိမှာပါ..."

"ဒါပေါ့...ဒီလို အိမ်တွင်းပိတ်လှောင်မှုက ဘယ်တရားဝင်ပါ့မလဲ..."

"ဟုတ်တယ်..ဒါပေမဲ့..သူတို့နှစ်ယောက်က လက်ထပ်ထားတဲ စုံတွဲဖြစ်နေတုန်း...ဒါကြောင့် ကျွန်တော် ပထမဆုးံ ပြောချင်တာက ခက်ဆစ်ကို အရင် အိမ်ကနေ ခေါ်ထုတ်ချင်တယ်...အဓိကကတော့ မိန်းကလေး အကူအညီလိုအပ်ပါတယ်..."

Right Person (Complete)Où les histoires vivent. Découvrez maintenant