Right Person (7)

1.2K 108 1
                                    

ကျောင်းတွင်းကန်တင်း၏ စားသောက်ဆိုင်တစ်ဆိုင်တွင်
ဆက်ကရန် ၊ လပြည့်ဝန်း ၊ မြူခိုး ၊ မြူနှင်း ၊ ပွင့်လွှာ တို့ ဝိုင်းကာ ထိုင်နေကြသည်။

"အကို ဘာမှာမှာလဲဗျ"

စားပွဲထိုးလေးက အမှာစာလာယူတော့

"မြူခိုး...ဘာစားမှာလဲ.."

လပြည့်ဝန်းက မြူခိုးကို မေးလိုက်သည်။

"အမ်..ငါ့က ထမင်းဆီစမ်းနဲ့ ကြက်ကြော်"

"ညီလေး အဲဆို ထမင်းဆီစမ်းနဲ့ ကြက်ကြော် နှစ်ပွဲ.."

လပြည့်ဝန်းက စားပွဲထိုးကောင်လေးအား ပြောလိုက်သည်။

"ဒါပဲလား...အကိုတို့ရော.."

"ဟေ့..ဟေ့..ငါ့တို့လဲ မှာအုးံမှာပေါ့ဟ...ဇွတ်ပဲ.."

ပွင့်လွှာက ဝင်ပြောတော့ လပြည့်ဝန်းက ဂရုမစိုက်ပါ ဆိုသည့် အကြည့်မျိုးနှင့်သာ။

"နှင်း...ဘာစားမလဲ.."

ပွင့်လွှာက မြူနှင်းကို မေးလိုက်သည်။

"ရတယ်...လွှာအဆင်ပြေတာ မှာလိုက်.."

"Ok...ဒါဆို မောင်လေး...မမတို့ကို ထမင်းဆီစမ်းနဲ့ လက်ဖက်သုတ် နှစ်ပွဲပေး...ဟဲ..ငဆက်..နင်ရော..ဘာစားမှာလဲ.."

ပွင့်လွှာက တစ်ခါတည်း ဆက်ကရန်ကို မေးလိုက်တယ်။

"တော်ပြီ..နင်တို့စားနှင့် ငါ့ ခက် လာမှ မှာတော့မယ်.."

ဆက်ကရန် ၏ အဖြေကို ကြားပြီးတာနဲ့ ပွှင့်လွှာက စားပွဲထိုးကောင်လေးကို

"စတော်ဘယ်ရီ ဖျော်ရည်နှစ်ခွက်၊ လိမ္မော် တစ်ခွက် ၊ထောပတ်သီ ဖျော်ရည်တစ်ခွက် ဒါပဲ မောင်လေး.."

"ဟုတ်ကဲ့ပါ ခဏပဲ စောင့်ပါ.."

"ဆက်...မင်းကလဲကွာ.. ခက်လာမှာပါ..မင်းလည်ပင်းကြီးကလဲ သစ်ကုလားအုတ်ထက်တောင် ရှည်နေပြီ"

လပြည့်ဝန်းမှ ဆက်ကရန်ကို စလိုက်သည်။

"လျှာမရှည်နဲ အအေးဘေး...စားမှာသာစား.."

"ကယ်ပါ....ဝန်းရယ်..ငဆက် အကြောင့်းလဲ သိရဲ့သားနဲ့.."

မြူခိုးမှ ဝင်ကာ လပြည့်ဝန်းကို အပြစ်တင်လိုက်သည်။

Right Person (Complete)Donde viven las historias. Descúbrelo ahora