Right Person (18)

872 80 1
                                    

"ကိုယ့်ရဲ့ ထူး...မောနင်း..."

အိပ်ရာထက်မှ ခေါင်းအုးံများကြား အိပ်ပျော်နေ့သည့်
ချစ်ရသူအား လက်ကလေးဖြင့် အသာလေး လှုပ်ကာ နိုးတော့
အအိပ်ဆက်သည့် ကောင်လေးက မျက်လုးံများကို ပွတ်ကာ

"နောက် ငါးမိနစ် နေမှ နိုးပါလား"

အိပ်ချင်မူးတူး အသံဖြင့် ပြောလာသည့် ချစ်ရသူ။

ဟုတ်မှာပါလေ။ ညလည်း ညဥ့်နက်သွားသည်ဆိုတော့။
လည်တိုင်ဖြူဖြူလေးပေါ်မှာ အနီကွက်ကလေးတွေနဲ့။

"အဲဆို ကိုယ် မနက်စာ လုပ်ပြီးရင် ပြန်လာနိုးမယ်နော်"

ဦးခေါင်းထက်မှ ဆံပင်လေးများကို နမ်းရင်း ပြောကာ ခေါင်း
ငြိမ့်ပြလာတာကြောင့် အခန်းထဲမှ ထွက်ခဲ့လိုက်သည်။

ထွေထွေထူးထူး မချက်တက်တာမို့ လမ်းထပ်က မနက်စာရောင်းသည့် ဆိုင်ကပဲ ရှမ်းခေါက်ဆွဲ နှစ်ပွဲဝယ်ပြီး
ပြင်ဆင်လိုက်သည်။

ထူးကို နိုးဖို့ အခန်းထဲ ဝင်သွားတော့ ရေချိုးပြီး အဝတ်စားလဲရန် ပြင်နေသည့် ချစ်ရသူ။

အကြည့်ကလေးက တစ်ချက်ထဲနဲ့ ဒိုင်းကနဲ့ မျက်စောင်လေးလေ။

"တွေ့လား... အမှတ်တွေ မချန်ခဲ့ပါနဲ့ဆို"

"ကိုယ့်အမှားပါ...တောင်းပန်ပါတယ်နော်"

ခန္ဓာကိုယ် သေးသေးလေးကို ရင်ခွင်ထဲ မြုပ်သွားအောင်
ထည့်လိုက်သည်။

"ပြည့် ထူးကို ဆေးပလာစတာ ယူပြီး ကပ်ပေးအုးံ။ အနောက်ဘက်ကို သိပ်မမြင်ရလို့။"

ချစ်ရသူ၏ စကားအတိုင်း လပြည့်ဝန်း ဆေးပလာစတာကို
ယူပြီး အနောက်ဘက် လည်တိုင်လေးကို ကပ်ပေးလိုက်သည်။

"ချစ်ဖို့ ကောင်းလိုက်တာ..မွမွ"

ပါးတစ်ဖက်ကို ကိုက်ပြီး ဆွဲနမ်းလိုက်သည်။

ရောက်လာပြန်သော မျက်စောင်းလေး။

"မနက်စာ ပြင်ပြီးပြီလား"

"ပြင်ပြီးပါပြီ ကိုယ့်ရဲ့ မင်းသားလေး"

"ဒါဆို...စားရအောင်လေ... ပြည့် ဗိုက်ဆာတယ်"

Right Person (Complete)Tahanan ng mga kuwento. Tumuklas ngayon