"တင်းတောင်...တင်းတောင်....တင်းတောင်..."
ခြံတံခါးဘဲလ်ကို အဆက်မပြတ်တီးနေတာကြောင့် အိမ်ထဲရှိ အသက်လေးဆယ်ကျော် ငါးဆယ်နီးပါး အမျိုးသမီးတစ်ဦးထွက်လာသည်။
အချိန်အားဖြင့် မနက်ငါးနာရီသာ ရှိသေးသော်လည်း
ထိုအချိန်ထကာ ဘုရားဝတ်ပြုမြဲဖြစ်သည့် ဒေါ်ခက်မာသည်
ခြံဝန်းထဲသို့ ဆင်းလာသည်။ခြံရှေ့တွင် အကျီ င်္များက ကပိုကရိုဖြစ်နေပြီး မတည်ငြိမ်သည့်
သူ၏ အသိအမှတ်မပြုခံရသော် ဇွဲထက်မာန်ကို တွေ့လိုက်ရတာကြောင့် ခြံတံခါးကို တန်းမဖွင့်ဘဲ ခြံထဲမှသာ
စကားပြောလိုက်သည်။"မင်း...ဒီကိုဘယ်လို ရောက်လာတာလဲ..ဘာကိစ္စနဲ့..ငါ့အိမ်အရိပ် လာနင်းတာလဲ"
"အန်တီ..ကျွန်တော် တောင်းပန်ပါတယ်..ကျွန်တော်ကို ခက်ဆစ်နဲ့ တွေ့ခွင့်ပေးပါ.."
ငိုယိုကာ ပြောနေသည့် ဇွဲမာန်ထက်ကြောင့် ဒေါ်ခက်မာ၏ ရင်ထဲတွင် စိုးရိမ်သွားရသည်။
ဘယ်လောက်ပဲ ပစ်ထားထား ကိုယ့်ဝမ်းနဲ့လွယ်ပြီး မွေးခဲ့ရတဲ့သားမလား။
"မင်း..ဘာတွေပြောနေတာလဲ..ငါ့သားက မင်းနဲ့မရှိလို့ ဘယ်ကို ရောက်ရမှာလဲ"
"အန်တီလျှောက်ပြောမနေပါနဲ့...ခက်က ကျွန်တော်ကို စိတ်ဆိုးနေလို့ပါ...တောင်းပန်ပါတယ်..ကျေးဇူးပြုပြီး ခက်နဲ
တွေ့ခွင့်ပေးပါဗျာ....'"အို...ငါ့သားက ငါ့ဆီလာရင်တောင် ငါ့က ဘာကိစ္စဖွက်ထားရမှာလဲ..."
"ခက်..ခက်ရေ...ခက်...ကိုယ်တောင်းပန်ပါတယ်ကွာ..ကိုယ်ကို ထွက်တွေ့ပါ.."
"မင်း ရှင်းရှင်းပြောစမ်း..ငါ့သားက အခုဘယ်မှာလဲ...".
မာန်သည် ခြံရှေ့တွင် ဒူးထောက်ကာ အရူးတစ်ယောက်လို
ငိုနေပါသော်လည်း ဒေါ်ခက်ဆစ်မှာ သနားသည့် အရိပ်အယောင်မတွေ့။"ဘာတွေဖြစ်နေတာလဲ"
ခြံရှေ့တွင် အော်ကျယ်အော်ကျယ်ဖြစ်နေတာကြောင့်
ခက်ဆစ်၏ ဖခင် ဦးရောင်ဝါ ခြံထဲသို့ ဆင်းလာသည်။"အကို..သား..သားပျောက်နေလို့တဲ့...သားက အဲကောင်လေးဆီမှာလဲ..မရှိဘူးတဲ့..ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ"
VOCÊ ESTÁ LENDO
Right Person (Complete)
Fantasiaတစ်ချိန်တစ်ခါတော့ လူတွေက ရွေးချယ်ခြင်းမှာ မှားယွင်းတတ်တယ်...! အချိန်တွေသာ နောက်ပြန်ဆုတ်ခွင့် ရမယ်ဆို မင်းကိုပဲ ပြန်ရွေးချယ်ရမလား...? ခက်ဆစ် အချိန်တန်ရင် မောင်ဆီပဲ ပြန်လာမို့ မောင်စောင့်နေမယ်... ခက် မောင်ဆီပြန်လာ...