"Daddy ပြန်လာပြီ....ယေး..."
ဘုးံဘုးံလေးကို ချီပြီး အပြေးထွက်ကြိုတဲ့ ခက်ကြောင့်
မောပန်းလာသမျှ စိတ်အမောများ ပြေပျောက်သွားရတော့သည်။"လွမ်းလိုက်တာ..."
နှစ်ယောက်လုးံကို သိမ်းကြုးံဖက်လိုက်ရင်း ပြောလိုက်သည်။
"ဟို အကိုလေး....ရေ"
ရေ ဆိုပြီး ပေးလာတဲ့ ဖန်ခွက်ကို ယူကာ ဆက်ကရန်
သောက်လိုက်သည်။ နီလာလည်း ခရီးဆောင် အိတ်များကို
အိမ်ထဲသို့ ဆွဲသွင်းသွားတော့သည်။ဆိုဖာပေါ်တွင် ထိုင်ကာအမောဖြေနေသော မောင်ကြောင့်
မောင်ဘယ်လောက်ပင်ပန်းလဲ သူ ဘေးကနေသိသည်။
မိမိလည်း ဘုးံဘုးံလေး ကြီးလာရင် မောင်ဘေးမှ ပါရမီဖြည့်
တော့မည်။"ပင်ပန်းနေလား... မောင် "
"ဟင့်အင်း "
ငြင်းပေမဲ့လည်း အနည်းငယ်မဲနေသော မျက်ကွင်းကြောင့်
မောင်တစ်ယောက် မအိပ်ဘဲ အလုပ်လုပ်ခဲသည်ဆိုတာကို
ရိပ်မိပါသည်။"ခဏနားလိုက်မောင်...ပြီးရင် ရေချိုး... "
"အမ်"
"ပြီးရင် ထမင်းစားမယ် ဟုတ်ပြီလား"
"ဟုတ်ကဲပါဗျာ"
ညနေစား စားပြီးတော့ ဘုးံဘုးံလေးအား သိပ်ပြီး အခန်းတွင်းသို့ ပြန်လာခဲ့လိုက်သည်။
"အိပ်တော့မို့လား...ငယ်"
"အမ်..."
"လာ...အိပ်ကြမယ်.."
"နေဦး..."
"ဘာဖြစ်လို့လဲ"
"ငါ...ငါ နွားနို့သောက်ချင်တယ်"
"ဟက်...ဘာများလဲလို့ ငယ်ကလဲ တစ်ရက်တစ်လေမသောက်တာ ဘာမှမဖြစ်ပါဘူး"
"မဟုတ်ဘူး မောင်... ငါ့...အခုတလော နွားနို့စွဲနေတာ"
"ထူးဆန်းလို့လား...ငယ်ကလဲ ငယ်က ငယ်ငယ်ကလေးတည်းက နွားနို့ကြိုက်တာကို"
"ဟုတ်သား...ဒါပေမယ့် ငါ့ မသောက်ရရင် အိပ်ပျော်မှာ မဟုတ်ဘူး...နွားနို့သောက်ပြီးရင် ငါ့စိတ်တွေ ရေပေါ်မှာ
ကိုယ်ဖော့နေသလိုပဲ...နေလို့အရမ်းကောင်းတယ်...
တော်ပြီး...မောင်ကို မပြောတော့ဘူး...သွား သောက်လိုက်အုးံမယ်"
![](https://img.wattpad.com/cover/253233521-288-k147555.jpg)
ESTÁS LEYENDO
Right Person (Complete)
Fantasíaတစ်ချိန်တစ်ခါတော့ လူတွေက ရွေးချယ်ခြင်းမှာ မှားယွင်းတတ်တယ်...! အချိန်တွေသာ နောက်ပြန်ဆုတ်ခွင့် ရမယ်ဆို မင်းကိုပဲ ပြန်ရွေးချယ်ရမလား...? ခက်ဆစ် အချိန်တန်ရင် မောင်ဆီပဲ ပြန်လာမို့ မောင်စောင့်နေမယ်... ခက် မောင်ဆီပြန်လာ...