Right Person (16)

912 76 3
                                    

Love လို အမည်တပ်ထားတဲ့ ကဖေးဆိုင်ရှေ့သို့ ရောက်သည်နှင့် လပြည့်ဝန်း ကားကို ရပ်လိုက်သည်။
ဘေးတစ်ဖက်က ထူးလေးကတော့ ကားခါးပတ်ကို ချွတ်ကာ
ကားပေါ်က ဆင်းရန်ပြင်နေတာကြောင့် ထူးလေး၏ လက်ကလေးကို ဆွဲလိုက်ကာ

"ကိုယ့်ရဲ့ထူး..."

ဆိုပြီး ပါးလေးအား ဖောင်းကာ ထူးလေးဘက်ကိုပေးလိုက်သည်။ အလိုက်သိတဲ့ ထူးလေးကလဲ လပြည့်ဝန်း၏ ပါးလေးကို နမ်းကာ ကားပေါ်က ဆင်းသွားသည်။

"ညနေ ကိုယ်လာကြိုမယ်နော်.."

ကားပေါ်ကနေ လှမ်းအော်နေတဲ့ ပြည့်ကို ထူးလေး ခေါင်းငြိမ့်ပြကာ အလုပ်နောက်ကျမှာ စိုးလို့ မြန်မြန်သွားလို့
လက်ကလေး ခါပြလိုက်သည်။ ကားလေး ထွက်သွားသည်နှင့်
ထူးလေးလည်း ကော်ဖီဆိုင်လေးထဲသို့ ဝင်ကာ ဆိုင်ဖွင့်ရန် ပြင်ဆင်တော့သည်။

တံခါးဖွင့်လိုက်သည်နှင့် လှုပ်ခါသော ခေါင်းလောင်းလေးအသံကြောင့် ထူးလေး

"ကြိုဆိုပါတယ်..."

"ဟိုလေ...အစ်ကို..ကျွန်တော်..အချိန်ပိုင်း အလုပ်ခေါ်စာ တွေ့လို့.."

"အော်....တွေရတာ ဝမ်းသာပါတယ်..အစ်ကို နမည် ဝတိံထူးပါ..ညီလေးကရော.."

"ကျွန်တော်...ဝဏပါ"

....................

"အကို မိုင် လုပ်ပေးပါရစေ"

ဝင့်ဝါမိုင် မာန်၏ အခန်းတွင်းသို့ ဝင်၍ အလုပ်သွားရန်ပြင်ဆင်နေသည့် မာန်ကို ပြောလိုက်သည်။
နက်တိုင်တပ်နေသော မာန်ကို ကူကာလုပ်ပေးပါရစေဟု
ပြောလိုက်သော်လည်း

"ထွက်သွား"

စိမ်းကားလှသော စကားတစ်ခွန်းနဲ့တင် သူမကို နှင်ထုတ်ခြင်းခံလိုက်ရသည်။ သူမလည်း လုပ်ပေးချင်တာပေါ့။
စာချုပ်ပေါ်တွင် လက်မှတ်ထိုးထားတဲ့ ဆက်ဆံရေးဖြစ်သော်လည်း မယားဝတ်တရားကျေပွန်ချင်သေးသည်။ သို့သော်လည်း အကြင်သူက တခြားသူအပေါ်မှာသူ အမြဲတမ်း သူ၏ စိတ်ကို
ပေးအပ်ထားခြင်းက သူမကို စိတ်ဆိုးစေသည်။

မာန် ပြင်ဆင်ပြီးဆင်းလာတော့ မီးဖိုချောင်တွင် မနက်စာ စားနေသော် သားလေးမုန်း... ။

Right Person (Complete)Where stories live. Discover now