"ငါ့စုံစမ်းခဲ့သမျှကတော့...ဇွဲမာန်ထက် ဆိုတဲ့ ကောင်က လူပွေ။ လူတစ်ယောက်ကို တစ်လထက် ပွဲမတွဲဘူး။ သူသုးံလို့ဝတာနဲ့ ကျီးထိုးထိုး ခွေးစားစား ပစ်တတ်တဲ့ကောင်။
ငဆက်.... မင်းယုံလား...အဲကောင်က ခက်ကို တကယ်ချစ်မယ်လို့.."ဆေးရုံကုတင်၏ နံရံကို ကျောမှီရင်း အခွံခွားပြီး ထည့်ထားသည့် ပန်းသီးကို စားရင်း ဆက် ခေါင်းခါလိုက်သည်။
"မသိဘူး...ခက်ယုံဖို့ အရေးကြီးတာ..."
"ဟက်...ငါ့ ပြောသားပဲ...ချစ်ရင် စောစောထဲက ဖွင့်ပြောဖို့...အခုကြည့် ငါ့တို့ မထင်ထားတဲ့ အေုခအနေမျိုး ရောက်နေပြီ..."
မြူနှင်းက ဆက်ကရန် ကို ပြောလိုက်သည်။
"ဒါဆို...ဘာဆက်လုပ်မှာလဲ...ငဆက်.."
ပွင့်လွှာက မေးတော့...ဆက်က ခေါင်းခါပြသည်။
"ဟေ့...မင်းသိလား..အဲကောင်က ပန်းနဲ့ မတည့်ဘူးတဲ့..."
လပြည့်ဝန်းက ပြောတော့...
"အဲတော့..."
"အဲတော့...သူကို လက်ဆောင်ပေးရတာပေါ့..."
"လျှောက်မလုပ်နဲနော်...ဝန်း..'
လပြည့်ဝန်းစာကား၏ အဓိပ္ပာယ်ကို သိသော မြူခိုးက ပြောလိုက်သည်။
"ဒေါက်..ဒေါက်.."
တံခါးခေါက်သံနဲ့ အတူ ဝင်လာသော ဆက်ဆစ်နှင့် ဇွဲမာန်ထက်။
"အော်...ခက် လာပြီလား"
မြူနှင်းက မေးတော့ ခက်က ပြုးံပြီး ခေါင်းငြိမ့်ပြတယ်။
ပြီးတော့ သူဝယ်လာသည့် သစ်သီးများကို စားပွဲပေါ် တင်၍
"သက်သာလား...ဆက်"
ပြောရင်း ခက် လက်က ပတ်တီးစီးထားသည့် ဆက်၏ နဖူးပြင်လေးသို့။
ခက်ဆစ် မေးတော့ ဆက်က ခေါင်းငြိမ့်ပြတယ်။
"တော်သေးတာပေါ့..ခါးပတ်နဲ့ လေအိတ်ကြောင့်မို့...မဟုတ်ရင်.. မင်းတော့ မတွေးရဲစရာပဲ.."
ဆူပူနေသလိုနှင့် စိတ်ပူနေသည့် စိတ်ရင်းကို အခြေခံထားသည့် စကားလေး။
"ဟီး...သက်သာသွားပြီ....မဆူနဲ့တော့.."
ဆက်က ပြုးံစပ်စပ်လေးနဲ့ ပြောလိုက်သည်။
![](https://img.wattpad.com/cover/253233521-288-k147555.jpg)
أنت تقرأ
Right Person (Complete)
خيال (فانتازيا)တစ်ချိန်တစ်ခါတော့ လူတွေက ရွေးချယ်ခြင်းမှာ မှားယွင်းတတ်တယ်...! အချိန်တွေသာ နောက်ပြန်ဆုတ်ခွင့် ရမယ်ဆို မင်းကိုပဲ ပြန်ရွေးချယ်ရမလား...? ခက်ဆစ် အချိန်တန်ရင် မောင်ဆီပဲ ပြန်လာမို့ မောင်စောင့်နေမယ်... ခက် မောင်ဆီပြန်လာ...