Right Person ( Final)

2.4K 85 5
                                    

ဆေးရုံသို့အမောတကောပြေးလာသော မာန်။

အစည်းအဝေးလုပ်နေရင်း ဆက်ကရန်၏ဖုန်းခေါ်ဆိုမှုမှုကြောင့် အစည်းစေးကပင်ပြေးထွက်လာခဲ့သည်။

ခက်ဆစ်နှင့်ဘုးံဘုးံလေး၏ ကားအက်ဆီးဒန့်ကြောင့်
ဘုးံဘုးံလေးအတွက် သွေးလိုသည်ဟု ဖုန်းဆက်လာသောကြောင့်ပင်။

"ဘယ်မှာလဲ..ငါ့ရောက်ပြီ"

မာန် ရောက်ရောက်ခြင်းပင် သူနာပြုဆရာမလေးခေါ်ဆောင်
သို့လိုက်သွားကာ သွေးအိတ်နှစ်အိတ်ထုတ်လိုက်သည်။

သွေးလှူပြီးသည်နှင့် ခွဲစိတ်ခန်းရှေ့တွင် ထိုင်နေသော
ဆက်ကရန်၏ဘေးတွင် နှစ်သိမ့်ပေးနေသော လပြည့်ဝန်း။
တစ်ဖက်တွင် ခက်ဆစ်၏ အဖေနှင့်အမေ။ ခက်ဆစ်၏ အမေမှာငိုယိုကာ ဘုရားကိုသာ ဆုတောင်းနေသည်။

မာန် နားမလည်နိုင်ပါ ။ဘာကြောင့်များ ကလေးတွက်လိုအပ်သည့်သွေးကိုသူကပေးရပါသနည်း။

တကယ်ဆို ဆက်ကရန်ကအဖေမဟုတ်လား။သွေးဘဏ်တွင်ဘုးံဘုးံလေးနှင့်ကိုက်ညီသည့်
သွေးမရှိရင်တောင်ဆက်ကရန်ပေးလို့ရရဲ့သားနဲ့...ဘာလို့...

ရှင်းမရသောမေးခွန်းအားမေးချင်နေကြသော်လည်း လက်ရှိအခြေအနေကြောင့် မျိုသိပ်ထားလိုက်သည်။

ခွဲစိတ်ခန်းထဲမှ ဆရာဝန်ထွက်လာပြီး ကလေးရောလူကြီးပါစိတ်ချရပြီဟုပြောမှ ဆက်ကရန်တဟ်ယောက် သက်ပြင်းချမိတော့သည်။

အထူးကြပ်မတ်ဆောင်အတွင်းရှိအောက်ဆီဂျင်ဘူးလေးဖြင့်အသက်ရူနေရသော ဘုးံဘုးံလေးအား အပြင်ဘက်မှ မာန်
ကြည့်၍ ဝမ်းနည်းစိတ်များ တိုးပွားလာသည်။

ဘေးနားတွင် လာရပ်သောဆက်ကရန်။

"ကျေးဇူးတင်ပါတယ်...ငါ့သားကို ကယ်တင်ပေးလို့"

ဆက်ကရန်ဆီမှ ကျေးဇူးတငိစကားကြားလိုက်သောအခါ
မာန်တစ်ယောက် သူနှင့်မသက်ဆိုင်သည့် စကားကြားလိုက်သလိုပင်။

"ရပါတယ်...ဒါနဲ့ ငါ့မရှင်းတာတွေရှိတယ်...မင်းငါ့ကိုပြောပြပေးနိုင်မလား"

မျိုသိပ်ထားသော ရင်ထဲမှ မေးခွန်းများမေးရန်ပြင်လိုက်သည်။

Yayımlanan bölümlerin sonuna geldiniz.

⏰ Son güncelleme: Jul 18, 2021 ⏰

Yeni bölümlerden haberdar olmak için bu hikayeyi Kütüphanenize ekleyin!

Right Person (Complete)Hikayelerin yaşadığı yer. Şimdi keşfedin