Right Person (42)

789 61 6
                                    

ခက်ဆစ် ဆေးရုံကအပြန် မရောက်တာကြာပြီဖြစ်သော
ထူးလေး၏ ကဖေးဆိုင်သို့ ဝင်လာခဲ့သည်။ အရင်ကလောက်
လူမစည်တော့ဘဲ ပိုမိုတိတ်ဆိတ်နေသည်။

ခက်ဆစ်ရောက်သည်ကိုပင် အာရုံမရသော ထူးလေးမှာ
တစ်ခုခုကြောင့် မှိုင်ထွေနေသည်။

"အဟမ်း..."

ခက်ဆစ် လုပ်ချောင်းကို အသာလေးဟန့်လိုက်သည်။

"ဟမ်..အကို နေကောင်းသွားပြီလား...Sorry ကျနော်
အာရုံများနေတာနဲ့ အကိုရောက်နေတာ မသိလိုက်ဘူး"

ခက်ဆစ် ဘုးံဘုးံလေးကို ကလေးထိုင်ခုံတွင် ထိုင်ခိုင်းပြီး ခါးပတ်ပတ်ပေးနေရင်း အဆင်ပြေကြောင်း ခေါင်းခါပြလိုက်သည်။

"အကိုကို ကော်ဖီ ပူပူလေးတစ်ခွက်လောက်..ဘုးံဘုးံလေးအတွက် မစ်ရှိုတ်"

"ရမယ်..ခဏ"

"ဒါနဲ့...ဒီမှာ အလုပ်လုပ်နေတဲ့ ကောင်လေးရော..."

"ဟမ်..အော်သူလား...သူက ကျောင်းစာအရေးကြီးတာမို့
အလုပ်ထွက်သွားပြီ...စာမေးပွဲလဲ နီးနေပြီလေ.."

"အော်...ဟုတ်မှာပေါ့..ဒါဆို..ဆိုင်မှာတစ်ယောက်တည်းအဆင်ပြေရဲ့လား..ဟိုကောင် ငပြည့်ရော.."

"အော်..ပြည့်က ဆိုင်မှာ အလုပ်တွေများနေတာလေ...အားတဲ့အခါကျရင် ဆိုင်ကို လာပါတယ်"

ထူးလေး အမှန်တစ်ဝက်အမှားတစ်ဝက်ပြောလိုက်သည်။
တစ်ကယ်ဆို..လပြည့်ဝန်းနှင့် ထူးလေး အဆက်သွယ်ပြတ်နေသည်မှာတစ်လပင်ပြည့်တော့မည်။

"အမ်ပါ..ဒါနဲ့ ထူးလေး အဆင်ပြေရဲ့လား"

ခက်ဆစ် ကော်ဖီကို ပူပူကိုလေအေးအေးလေးနှင့်မှုတ်ရင်းမေးလိုက်သည်။

"ကျနော်အဆင်ပြေပါတယ်...အကို နေပြန်ကောင်းလာတာ
ကောင်းလိုက်တာ...မဟုတ်ရင်လေ အကိုဆက်ကရန်ရဲ့
မျက်နှာက အူး...ကြောက်ဖို့ကောင်းသလားမမေးနဲ့"

ထူးလေး၏ အပြောကြောင့် ခက်ဆစ်ရယ်လိုက်မိသည်။
သူစိတ်ထင်နေတာ...ထူးလေ နဲ လပြည့်ဝန်းတစ်ခုခုဆိုပြီး။

အခုကြည့်ရတာ သူအထင်များသွားတာပဲ။

ဘုးံဘုးံလေးကို ချော့မြူနေတော့ ခက်ဆစ် ဘေးနားမှာ အသာလေးကြည့်နေလိုက်သည်။

Right Person (Complete)Kde žijí příběhy. Začni objevovat