အတ္တကြီးလွန်းတယ်...
"ကွာရှင်းပေး....အဲဆို..ငါမင်းကို ခွင့်လွှတ်ပေးမယ်..."
ကွာရှင်းပေးရမယ်....အဲဆို ခက်က ငါ့ကိုခွင့်လွှတ်ပေးမယ်တဲ့....
ဟက်...နေပါစေတော့...ခက် မခွင့်လွှတ်လဲ... ဒီတိုင်းလေပဲ
ချည်နှောင်ထားလိုက်မယ်...."ခွမ်း...!"
မာန် စားပွဲပေါ်ရှိ ပန်းအိုးကို ယူလိုက်ပြီး အခန်းထဲမှ ထွက်သွားရန် ပြင်နေသည့် ခက်ဆစ်၏ နောက်ကို ထိုပန်အိုးဖြင့် ရိုက်ချလိုက်သည်။
ခက်ဆစ် အောက်သို့ လဲကျသွားသည်အထိ မာန် ကြည့်နေမိသည်။
"ခဏအိပ်လိုက်....ခက်...နိုးလာရင်...အားလုးံ ပုံမှန် ပြန်ဖြစ်သွားလိမ့်မယ်..."
မာန် ခက်ဆစ်အား ပွေ့ချီ၍ ကုတင်ထက်၌ ညင်သာစွာ ချလိုက်သည်။ ဗီဒိုထဲမှ ဆေးသေတ္တာလေးကို ယူကာ
ခက်ဆစ်၏ ပေါက်သွားသော ခေါင်းလေးအား ဆေးထည့်ပေးကာ ပတ်တီးများကို သေချာ ကျနစွာ စည်းပေးလိုက်သည်။ ထို့နောက် ခက်ဆစ်ဘေးဘက်တွင် နေရာယူကာ ခက်ဆစ် ကိုယ်လုးံလေးအား ရင်ခွင်ထဲသို့
ဆွဲသွင်း၍ မာန်သည်လည်း အိပ်စက်ခြင်းဆီသို့...။×××××××××××××××
"တီ....တီ.. တီ..."
ဖုန်းသံကြောင့် လပြည့်ဝန်း မပွင့်ချင်သေးသည့် မျက်ဝန်းများအား အားတင်းကာ ဖွင့်လိုက်ပြီး ကုတင်ဘေးက စားပွဲခုံပေါ်က ဖုန်းအား ကောက်ယူ၍ ဖုန်းပြန်ဖြေလိုက်သည်။
"ဟယ်လို...."
".........."
"-ီးကို ဘယ်နာရီရှိသေးလို့ ဖုန်းဆက်နေတာလဲ...?"
လပြည့်ဝန်း တိုင်ကပ်နာရီကို ကြည့်လိုက်တော့ ည ၂နာရီခွဲပင်
ရှိသေးသည်။ သို့သော်လည်း New York မြို့မှာတော့
ညနေ သာ ရှိသေးသည်။"............"
"ခက်ဆစ်ကို ဟိုတစ်ပတ်ကတည်းက ငါ့မတွေ့တော့တာ..။ငါ့ကိုလည်း ဖုန်းမဆက်ဘူး..."
"........."
"အေး...အေး...ဒါပဲ...ဒါပဲ..."
လပြည့်ဝန်းလည်း ဖုန်းချပြီးသည်နှင့် ကုတင်ထက်သို့ ပြန်လဲကာ နောက်တစ်ခါ အိပ်စက်ပြန်တော့သည်။
ESTÁS LEYENDO
Right Person (Complete)
Fantasíaတစ်ချိန်တစ်ခါတော့ လူတွေက ရွေးချယ်ခြင်းမှာ မှားယွင်းတတ်တယ်...! အချိန်တွေသာ နောက်ပြန်ဆုတ်ခွင့် ရမယ်ဆို မင်းကိုပဲ ပြန်ရွေးချယ်ရမလား...? ခက်ဆစ် အချိန်တန်ရင် မောင်ဆီပဲ ပြန်လာမို့ မောင်စောင့်နေမယ်... ခက် မောင်ဆီပြန်လာ...