ဆေးရုံတွင်ဖြစ်သည်။
ကုတင်ထက်တွင် ခွဲစိတ်မှုခံယူရန် စောင့်ဆိုင်းနေသောမာန်။
ပေါင်ပေါ်တွင် ဘုးံဘုးံလေးနှင့် မုန်းလေးအား တစ်ဖက်ဆီပွေ့ထားပြီး ပုံပြင်ဖတ်ပြနေသည်။"အဲဆို...မြေခွေးလေးက သေသွားတာပေါ့နော်...ဖေဖေ"
"ဟုတ်တာပေါ့သားလေး သူများကို မကောင်းကြံတော့ ကိုယ်တိုင်ထိခိုက်တယ်တဲ့...မှတ်ထားနော် သား
သူများကို ဘယ်တော့မှ မကောင်းကြံရဘူး။ ""ဟီး..ဟီး..သားသိပါတယ်..ဖေဖေကလဲ ပြီးတော့ ဖေဖေ
က နေကောင်းလာတော့မှာလား...""ဒါပေါ့...အဲအခန်းထဲ ဖေဖေဝင်ပြီး ပြန်ထွက်လာတာနဲ့
နေကောင်းမှာ""အဲဆို...ကစားကွင်းသွားမယ်...ညီညီလေးနဲရော...ဟီးဟီး..'
"ဟုတ်ပြီ...ဖေဖေ ကတိပေးတယ်နော်..."
မုန်းလေးနှင့် မာန်စကားတွေ ပြောနေသလောက် ဘုးံဘုးံကတော့ မုန်းလေးမျက်နှာ တစ်လှည့် မာန်မျက်နှာတစ်လှည့်နှင့် ထူးဆန်းနေတော့သည်။
"ဟွန်း...."
အသံသေးသေးလေးထွက်လာတော့ ချိုလိမ်လေးကို ပါးစပ်က
ပြုတ်ကာ ဘုးံဘုးံလေးလဲ စကားဝိုင်းထဲ ဝင်ပါတော့သည်။"အား..ယား..ယား..ဟဲ.."
စကားမမြည်သော အသံလေးက ချစ်စရာ...ရှိသမျှ သွားသေးသေးလေးများ ပေါ်အောင်လဲ ရယ်ပြနေသေးသည်။
တာဝန်ကျ ဆရာ၊ဆရာဝန်များ ရောက်လာတော့ မုန်းလေးကို ရန်နိုင်ချီပြီး ဘုးံဘုးံလေးကို ခက်ဆစ်ချီထားလိုက်သည်။
ခွဲစိတ်ခန်းထဲဝင်သွားသည့် မာန်ကို ကြည့်ရင်း ခက်ဆစ်
စိုးရိမ်မိသည်။အဖြူရောင် စိုးရိမ်မှုလေး။
..
..
..
..ထူးလေး ဒီနေ့ ပျော်နေသည်။ ဆိုင်ကို ပြည့် လာကြိုမယ်တဲ့..။နှစ်ပတ်ကြာပြီး ပထမဆုးံ ဆက်သွယ်ခဲ့ခြင်းလေး။
ဆိုင်ကို စောစောသိမ်းရန် ပြင်ဆိုင်နေသော်လည်း
ဒီနေ့မှ လူက ကျနေသည်။အလုပ်လည်း လုပ်ရင်း ပြည့်ကိုလည်း မျှော်နေမိသည်။
တံခါး၌တတ်ထားသော ခေါင်းလောင်းလေးအသံမြည်လာတော့ကြည့်လိုက်မိသည်။
အရင်ကထက် ပိုပြီး စမတ်ကျနေတဲ့ ပြည့်။
YOU ARE READING
Right Person (Complete)
Fantasyတစ်ချိန်တစ်ခါတော့ လူတွေက ရွေးချယ်ခြင်းမှာ မှားယွင်းတတ်တယ်...! အချိန်တွေသာ နောက်ပြန်ဆုတ်ခွင့် ရမယ်ဆို မင်းကိုပဲ ပြန်ရွေးချယ်ရမလား...? ခက်ဆစ် အချိန်တန်ရင် မောင်ဆီပဲ ပြန်လာမို့ မောင်စောင့်နေမယ်... ခက် မောင်ဆီပြန်လာ...