Right Person (20)

951 71 2
                                    

လပြည့်ဝန်း ထိုအခန်းထဲမှ ထွက်လာလိုက်သည်။

မြူခိုးဆိုသည့် ကောင်လေးအား တစ်ချိန်တစ်ခါက ပတ်သတ်ဖူးသည့် ကောင်လေးထက် မပိုတော့ပါ။

မခွင့်လွှတ်နိုင်တာလား။ ဟင့်အင်း မဟုတ်ဘူး။
တကယ်ဆို လပြည့်ဝန်း စိတ်ထဲ ထိုကောင်လေးအပေါ်
မည်သည့်ခံစားချက်များမဗ မဖြစ်ပေါ်တော့သည်မို့
ခွင့်လွှတ်ခြင်း မခွင့်လွှတ်ခြင်းက အရေးမကြီးပါ။

ထူးလေး၏ ကဖေးဆိုင်ရှေ့သို့ ရောက်သည်နှင့်
လပြည့်ဝန်း ကားကို ဆိုင်၏ ရှေ့ ထိုးရပ်လိုက်သည်။

ဆိုင်ထဲသို့ ဝင်လာတော့ မီးဖိုချောင်ထဲတွင် ဝဏဆိုသည့်
ကောင်လေးနှင့် ပြုးရယ်၍ သန့်ရှင်းရေးလုပ်နေသည်။

"ကိုယ့်ရဲ့ထူး...ကိုယ်ရောက်ပြီ"

"ဟာ...ရောက်ပြီလား...နောက်ကျလိုက်တာ.."

အသံပေးလိုက်သည်နှင့် မီးဖိုချောင်ထဲမှ ပြေးထွက်လာပြီး
ခါးကို ဖက်ကာ ရန်တွေ့နေတဲ့ ကောင်လေးရဲ့ ပါးကို မနာကျင်အောင် ဆွဲလိုက်ပြီး

"sorryပါကွာ..ဒီနေ့ ဆိုင်က လူကျပ်နေလို့...စိတ်ဆိုးသွားတာလား"

"အမ်....ဟင်အင့်...ဟီး...ဟီး..ဝဏ နဲ့ သန့်ရှင်းရေး လုပ်နေတာ...ပြည့် သိလား.. ဝဏကလေ ဟာသဥာဏ်
အရမ်းရွှင်တာပဲ.. ထူးလေးလေ ပါးစပ်တောင် မပိတ်ရဘူး"

"ဟုတ်ပါပြီဗျာ..သန့်ရှင့်ရေး ပြီးပြီလား..ကိုယ်ကူလုပ်ပေးမယ်လေ.."

ထူးလေး ခေါင်းငြိမ့်ပြကာ မီးဖိုချောင်ထဲသို့ လပြည့်ဝန်း လက်ကိုဆွဲကာ ဝင်လာသည်။

လပြည့်ဝန်း ဝင်လာထဲက အဖြစ်အပျက်အစအဆုးံကို
ကြည့်နေတဲ့ ဝဏလဲ မီးဖိုချောင်ထဲ ဝင်လာတာ တွေ့မှ
အလုပ်ပြန် လုပ်ရန် ပြင်လေသည်။

"ဟိုလေ...ညီလေး..အချိန်လည်း နောက်ကျနေပြီ။
ကိုယ် ကူလုပ်ပေးလိုက်မှာမို့ ညီလေး ပြန်ချင် ပြန်လို့ရပြီ"

လပြည့်ဝန်း အင်္ကျီလက်ခေါက်ရင်း ပြောလိုက်သည်။

"အော်..ဟုတ်သားပဲ...ဝဏ...ပြန်တော့လေ... ။
အကိုကြောင့်နဲ ဝဏ အချိန် နောက်ကျနေပြီ..ဟီး..ဟီး.."

Right Person (Complete)Where stories live. Discover now