အုတ်ဂူဖြူဖြူလေးထက်တွင် အဖြူရောင်နှင်းဆီပန်းစည်းလေးအား
တင်လိုက်ပြီး ကျဆင်းလာသော မျက်ရည်စများကို သုတ်ပစ်လိုက်သည်။ပျော်နေသည်ထင်ပါရဲ့...လေပြေလေးများကလည်း
တဖြူးဖြူးတိုက်ခတ်သည်ကို ခံစားမိလိုက်သည်။"ထူး...ပျင်းနေပြီလား...ကိုယ် ဒီနေ့ နောက်ကျသွားတယ်.."
"ပျော်နေလား...ကိုယ်မရှိတဲ့ ဘဝမှာ...ဟူး...ကိုယ်ကတော့
အဆင်မပြေဘူး...ဒါပေမယ့်လည်း ရင်ဖွင့်လို့ရတဲ့ ထူးလေးတော့ ရှိသေးတာပဲ..."အုတ်ဂူဖြူလေးအား မှီ၍ ထိုင်ချလိုက်သည်။ ပင်ပန်းတယ်...ထူးလေးရယ်
"ကိုယ် ခဏအိပ်အုန်းမယ်...ကိုယ် အိပ်ရေးပျက်နေတာ
ဒီရက်ပိုင်း..."မျက်လုးံလေးများ မှေးစင်း၍ ပင်းပန်းသမျှအား ချစ်သူ၏ အရိပ်အောက်တွင် ပျော်ဝင်စေတော့သည်။
............
"ဟျောင့်...ဘုးံဘုးံ.....အခုပြန်လာစမ်း...!!
"လာနိုင်ပါဝူး...ဘလာ...ဘလာ.."
လျှာထုတ်ကာ ခြံဝန်းထဲ ပတ်နေသော ဘုးံဘုးံကြောင့်
ခက်ဆစ်တစ်ကြောင့် နှာထင်စပ်နားဖိနှိပ်၍ သက်ပြင်းရှည်ကြီး ချလိုက်သည်။"Red....အခုပြန်လာခဲ့.."
"ဝုတ်...ဝုတ်..."
ဟောင်ပြပြီး သားတော်မောင်နှင့် အတူ ပတ်ဆော့နေသော ခွေးကလေး Red....
မိုးရာသီမို့ ခြံဝန်းထဲရှိ Red တူးထားသော နေရာတွင် ရွံများဖြစ်နေသည်။ Red က ရွံလူးသလို ဘုးံဘုးံတစ်ယောက်လည်း တစ်ကိုယ်လုးံ ရွံများပေကျံနေတော့သည်။
အသက်လေးနှစ်ပြည့်ခါနီးဖြစ်သော ဘုးံဘုးံလေးသည်
ငယ်ငယ်ကထက်ပင် ပြောရဆိုရသိပ်ခက်သည်။ခက်ဆစ်တစ်ယောက် မနေနိုင်တော့ဘဲ ဘုးံဘုးံအား လိုက်ဖမ်း၍ ချီလိုက်သည်။ ဘုးံဘုးံကို မိသည်နှင့် Redတစ်ကောင် အမြီးလေးကုတ်ကာ လိုက်ပါလာတော့သည်။
"ဖေဖေ..."
"ဘာလဲ..."
"ဟွန့်...ဘာလိုထူးတာလဲ..."
"ဘယ်လို ထူးရမှာလဲ..."
"ဂျာ..လို့ထူးလေ...ပြန်ခေါ်မယ်...ဖေဖေ"
YOU ARE READING
Right Person (Complete)
Fantasyတစ်ချိန်တစ်ခါတော့ လူတွေက ရွေးချယ်ခြင်းမှာ မှားယွင်းတတ်တယ်...! အချိန်တွေသာ နောက်ပြန်ဆုတ်ခွင့် ရမယ်ဆို မင်းကိုပဲ ပြန်ရွေးချယ်ရမလား...? ခက်ဆစ် အချိန်တန်ရင် မောင်ဆီပဲ ပြန်လာမို့ မောင်စောင့်နေမယ်... ခက် မောင်ဆီပြန်လာ...