🖤ပဟေဠိဆန်သော ချစ်ခြင်းသွယ်🖤
အပိုင်း(၁၀)
"ရော့ ယူ"
သာ ထမင်းစားဆင်းချိန် သင်္ချာထိုင်တွက်နေတုန်း ကြားလိုက်ရတယ့်အသံနှင့်အတူသာ့ရှေ့ကိုအအေးဘူးတစ်ဘူးရောက်လာသည်။ သာမော့ကြည့်စရာမလိုအောင် အဲ့တာ သြဇာကောင်းမှန်း သာသိသည်။သာမော့မကြည့်သလို စာကိုသာတွက်မြဲတွက်နေလိုက်သည်။နားထဲတွင်လည်းမေမေ့ဆုံးမစကားကပြန်ဝင်လာ၏။
"သမီး သာ မေမေ့သမီးလေးဟာ အပျိုဖော်လည်းဝင်နေပြီဆိုတော့ မေမေ တစ်ခုတော့ပြောချင်တယ်။သမီးတို့အရွယ်ဟာစိတ်ကစားတယ့်အချိန်။အချစ်ဆိုတာကိုလက်တည့်စမ်းသပ်ချင်တယ့်အရွယ်။ဒါပေမယ့်သမီးကိုမေမေပြောချင်တယ်။ သမီး ကျောင်းသားအရွယ်မှာ ရည်းစားထားခဲ့ရင် သမီးရည်းစားကလည်း သမီးလို မိဘဆီကလက်ဖြန့်တောင်းရတယ့်ကလေးတစ်ယောက်ပဲသမီး။သမီးတို့အနာဂတ်မှာဘာဖြစ်မလဲမပြောနိုင်သလို၊သမီးရဲ့ကျောင်းပညာရေးကိုထိခိုက်မယ်။သမီးတက္ကသိုလ်မှာရည်းစားထားရင် သမီးချစ်သူဟာနိုင်ငံကအသိမှတ်ပြုထားတယ့် ဝင်ခွင့်စာမေးပွဲကိုအောင်မြင်ထားတယ့်သူတစ်ယောက်မို့အရည်ချင်းရှိတာတော့မှန်တယ်။ဒါမယ့်သမီး သူလည်းမိဘဆီကလက်ဖြန့်တောင်းရတုန်း။ဒီကြားထဲ ဒီဖက်ခေတ်မှာ ခိုးပြေးနေကြတာသမီးလည်းသိမှာပါ။ပိုက်ဆံမမက်ဘူးမောင့်ကိုပဲချစ်တာပါလို့ဘယ်လောက်ပြောပြော ။ဘဝကရုပ်ရှင်မဟုတ်ဘူးသမီး။အချိန်တန်ရင် မိဘဆီမှာကြော့ကြော့လေးနေခဲ့ရတယ့်သူတို့ဟာ ဆင်းရဲဒဏ်ကြောင့်ကွဲကြရတာပဲ။ဒီတော့နစ်နာသူဟာ မိန်ကလေးပဲ သမီး။ဟုတ်ပြီ။သမီးအလုပ်ခွင်ဝင်တယ့်အချိန်ရောက်တော့ သမီးဟာ ရင့်ကျက်သင့်သလောက်ရင့်ကျက်ပြီး အသိဉာဏ်ရှိတယ့်မိန်းမတစ်ယောက်ဖြစ်သွားပြီ။သမီးဘဝကိုသမီးစိတ်ကြိုက် ပြင်ဆင်လို့ရပြီ။ငယ်ရွယ်ချိန်မှာသွေးဆူတယ်သမီး။သမီး ကို မေမေကကြိုဆုံးမထားတာပါ ကျန်တာက သမီးအသိဉာဏ်နဲ့သမီးဆုံးဖြတ်ရမှာ။သမီးကိုမေမေ ငွေမက်ပါလို့မပြောဘူးနော်။သမီးနားလည်လာမှာပါ"တယ့်လေ။
သာကိုယ်တိုင်လည်း ငယ်ရွယ်သည့်အချိန်တွင်အချစ်ကိုမရှာဖွေချင်။သာ ဖတ်ဖူးတယ့် ဝတ္ထုတွေထဲမှာဆို မင်းသမီးတွေဟာ ယောက်ျားတွေနှင့်ရင်ဘောင်တန်းကာအလုပ်လုပ်နေကြ၏။သူတို့အတွက်အချစ်ဆိုတာတစ်ချိန်ချိန်တွင်ပေါ်လာတတ်ကြသည်လေ။သာကိုယ်တိုင်လည်းအသက်၂၅လောက်ထိ ရည်းစားမထားဘဲနေမည်ဟုဆုံးဖြတ်ထား၏။သာ့ အတွက်အချစ်စစ်တစ်ချိန်တော့ပေါ်လာမည်ဟု။
YOU ARE READING
A mysterious love story (Completed)
Romanceငယ်စဥ်ကထဲက မိဘ၏ဆုံးမမှုတွေကြောင့် အချစ်ရေးမရှာဖို့ဆုံးဖြတ်ထားသူ ၊ မတော်တဆ အလယ်တန်းနောက်ဆုံးနှစ်မှာ ကောင်ဇိုးလေးတစ်ယောက်ကြောင့် ...... ခင်မင်ရသော သူငယ်ချင်းမလေးက ပွင့်လင်းစွာ ဝန်ခံလာခဲ့သောအခါ ... ဆုံးဖြတ်ချက်တွေတင်းမာပြီး တစုံတယောက်ကိုဒဏ်ရာတွေပေးဖို...