33.ကိုယ်အသက်ကြီးလာရင်မင်းကိုလက်ထပ်မှာ

1K 56 0
                                    

သာအိမ်ပြန်ရောက်တော့ မထိန်းနိုင်ပဲငိုမိသည်။ ယခုချိန်တွင်တော့ သာဟာ အကုန်ပြန်မှတ်မိပြီဖြစ်သည်။ ရင့်ခက်နှင့်ခုထိအတူရှိနေပြီး မကြိုက်သွားကြဘူးလားဟုလည်းအတွေးရောက်မိသလို သာ့ကို လိမ်ညာခဲ့တယ့်အတွက်လည်း သာဝမ်းနည်းမိသည်။
သာ့ကိုယ်သာစမ်းစစ်မိချိန်မှာတော့ သိပ်နောက်ကျသွားအောင်ပဲ သူ့ကိုသာချစ်မိနေပြီဖြစ်သည်။ ထို့ကြောင့်သာပိုခံစားရသည်။

တစ်ဆက်ထဲမှာ ဘုန်း​ပြောဖူးတယ့်

"သာ နင်ဘယ်တော့မှ ကိုယ်မသိတယ့်ယောက်ျားတစ်ယောက်ကို အလွယ်တကူမယုံနဲ့ပြီးတော့ ဘယ်ယောက်ျားပဲဖြစ်ဖြစ် ပုံပြီးမချစ်မိစေနဲ့ ဘာလို့ဆို နင်ကအဖြူထည်လေး အဲ့အရာတွေနဲ့ပါတ်သတ်ပြီး သိပ်အထိခိုက်ခံနိုင်မှာမဟုတ်ဘူး"

ဟူ၍ ထိုစဥ်က သာဟာ "နင်ငါ့ကိုအထင်သေးတာပဲ "ဆိုပြီး ပြုံးစိစိလုပ်ခဲ့ဖူးသည်။ ခုတော့ ရည်းစားတောင်မဖြစ်လိုက်ပဲ သာမျက်ရည်နဲ့မျက်ခွက်ဖြစ်နေပြီ။

ငိုပြီးတာနှင့် သာအိပ်ပျော်သွားတော့သည်။ နိုးလာတော့ ညနေစောင်းနေပြီဖြစ်သည်။ ခေါင်းမကိုက်ချင်တော့တာကြောင့် ရေမိုးချိုးလိုက်ပြီး ချက်ပြုတ်ဖို့ လည်းစိတ်အဆင်မပြေတာကြောင့် ခေါက်ဆွဲပြုတ်ဖို့ပဲစိတ်ကူးလိုက်တော့သည်။

ထိုခနမှာဖုန်းကိုသတိရလို့ ရှာကြည့်လိုက်တော့ စားပွဲပေါ်တွင်ပွင့်နေသည့် ပိုက်ဆံအိတ်ထဲကနေ တပိုင်းတစ ထွက်နေသည်။ messageဝင်ထား၍ထင်သည် မီးက မှိတ်တုတ်မှိတ်တုတ်နဲ့အချက်ပြနေသည်။

ကြည့်လိုက်တော့ ph က ၄ယောက်တောင်ခေါ်ထားပြီး messageကတော့ ၃ယောက်ပို့ထားလေသည်။

phက မေမေ၊ဖြူ၊ဘုန်းရယ် ပြီးတော့ နောက်တစ်ယောက်က သူ။

messageကတော့ မေမေကလွဲလို့အကုန်ပို့ထားကြသည်။

ဖြူက ။ ။ သာဘာဖြစ်သွားတာလည်း ငါကျော်ခန့်ကိုမေးတော့ သြဇာကောင်းအ​ေကြာင်းပြောပြီး ဓါတ်ပုံလည်းမြင်ရော အဲ့လိုဖြစ်သွားတာဆို နင်တခုခုဖြစ်ရင် ငါ့ကိုပြောပါ "

ဘုန်းက။ ။ ငှက်စုတ်မတော့ supersundayဆိုတယ့်အတိုင်းအသေအိပ်နေတာနေမှာ အေးဘာမှမဟုတ်ဘူး ငါပြန်လာတော့မယ်😘

A mysterious love story (Completed)Where stories live. Discover now