"မောင် "
သာ့ရဲ့ဖျော့တော့တိုးရှတယ့်အသံလေးက သူ့နှလုံးအိမ်ကို ဆွဲဖျစ်လျက်ရှိသည်။
ထို့ကြောင့် သူ့အပျော်တို့အား စက္ကန့်ပိုင်းလောက် အောင်ပွဲခံပေးလိုက်သည့်အနေဖြင့်သူမရဲ့နှုတ်ခမ်းလေးထက်သို့။သူမလေးကို ထပ်ပြီးခေါ်ခိုင်းသော်လည်း ရှက်နေကာ မခေါ်တော့။
အဟား နောက်ဆုံးတော့ သူပျော်ရွှင်မှုကိုခံစားရပြီ။ သူစွဲလန်းချစ်ခဲ့သောမိန်းကလေးကလည်းသူ့ ကိုပြန်ချစ်ပြီ။ ပြီးတော့ ထိုမိန်းကလေး၏နှုတ်မှလည်း သူ့အပေါ်ချစ်ကြည်သော နာမ်စားလေးအားသူမမျှော်လင့်ထားလောက်အောင် ဖွင့်ဟလာခဲ့ပြီ။
သူပျော်ရွှင်ကြည်နူးစွာပဲ အားရစွာရယ်မောမိလိုက်သည်။ထိုခနမှာပဲ သူမဆီက လိုလိုလားလားဖြင့် မောင် ဆိုသောခေါ်သံကိုကြားလိုက်ရတာကြောင့်ပိုပျော်ရွှင်မိသည်။၂ယောက်သားအကြည့်ချင်းကြာမြင့်စွာဖလှယ်လျက်ရှိရာမှ သူမက သူ့ရင်ဘတ်ကိုခပ်ဖွဖွပုတ်ပြီး ကားမောင်းတော့ဖို့ပြောသည်။
first date၏မနက်ခင်းလေးက နူးညံ့သာယာလှပလျက်။ ညကသည်းထန်စွာရွာထားသောမိုးကြောင့် သစ်ပင်တို့ကဖုန်မှုန့်ပျယ်၍လှပစွာစိမ်းလန်းလျက်။
သာက ဘုရားကန်တော့ပြီး ရွှေသင်္ကန်းကပ်လှူပူဇော်လိုတာကြောင့် သူပင်သာ့ကိုယ်စားကပ်လှူပေးလေသည်။ပြီးတော့ သာ့မွေးနံ ဖြစ်တယ့် သောကြာထောင့်မှာ ဆုတောင်းပူဇော်လိုက်သည်။သူက ထိုခနမှာဘေးက ရပ်ကြည့်နေမယ်ဆိုတာသာခံစားလို့ရသည်။နောက်သူ့မွေးနံဖြစ်သည့် တနင်္ဂနွေထောင့်မှာလည်း သူကန်တော့တာကို သာရပ်ကြည့်နေမိတာကိုး။
အပြန်မှာ သာတို့ပျော်ရွှင်စွာ ခိုစာကျွေးကြသည်။အတောင်ပံတစ်ဖျပ်ဖျပ်ခတ်နေသော ခိုငှက်တွေကိုသူနဲ့အတူအစာကျွေးရခြင်းကသာ့အားပိုပျော်စေသည်။
နောက်တော့ ဦးပွားကုန်းကျော်နားကဆွံ့အနားမကြားကျောင်း သို့ဝင်ကာ သာအလှူထည့်ဝင်ခဲ့သည်။အကျွေးမွေးတော့ သာလည်း သိပ်မကျွမ်းဝင်တော့မလုပ်ဖြစ်ခဲ့ပါ။
ဘာလိုလိုနဲ့ ထမင်းစားချိန်ရောက်ခါနီးတာမို့ သာတို့တခုခုစားသောက်ဖို့ကျောင်းဝင်းထဲကနေကားဆီလမ်းပြန်လျှောက်ခဲ့တယ်။
YOU ARE READING
A mysterious love story (Completed)
Storie d'amoreငယ်စဥ်ကထဲက မိဘ၏ဆုံးမမှုတွေကြောင့် အချစ်ရေးမရှာဖို့ဆုံးဖြတ်ထားသူ ၊ မတော်တဆ အလယ်တန်းနောက်ဆုံးနှစ်မှာ ကောင်ဇိုးလေးတစ်ယောက်ကြောင့် ...... ခင်မင်ရသော သူငယ်ချင်းမလေးက ပွင့်လင်းစွာ ဝန်ခံလာခဲ့သောအခါ ... ဆုံးဖြတ်ချက်တွေတင်းမာပြီး တစုံတယောက်ကိုဒဏ်ရာတွေပေးဖို...