သိဒ္ဓိ ကားအပြင်ကိုတွေတွေလေးကြည့်နေတယ့်မမလေးကိုမြင်လိုက်ရတယ်။ အကိုလေးက မမလေး မူးနေလို့ပြန်ပို့ပေးဖို့ပြောပေမယ့် သိဒ္ဓိသိတဟ်လေ မမလေးက ပါတီပွဲအများကြီးကိုတက်ဖူးတာမို့ဒီလောက်က မူးစရာအကြောင်းမရှိဘူးဆိုတာကို။ အကိုလေးကားထွက်သွားတာကို မမလေးရင့်ခက်သေချာကြည့်နေလိုက်ပြီး မျက်ရည်တစ်စက်ပါးပေါ်ကျသွားတာ မှန်ကနေတောင် သိဒ္ဓိမြင်ဖြစ်အောင်မြင်လိုက်ပါသေးတယ်။
"သိဒ္ဓိ Bar ကိုမောင်း "
"ဗျာ မမလေး အိမ်က"
"ငါပြောတယ့်အတိုင်းလုပ်"
သိဒ္ဓိလည်း ဘာမှပြောမနေတော့ပဲ မမလေးပြောတယ့်အတိုင်း BARကိုမောင်းတော့တယ်။
သာအိမ်ရှေ့ရောက်တော့ ချက်ချင်းမဆင်းသေးပဲ ကားပေါ်မှာခနစိတ်ငြိမ်အောင်လုပ်ရသေးတယ်။ နောက်တံခါးဖွင့်ဖို့ကားပေါ်ကဆင်းဖို့လုပ်လိုက်တယ့်အချိန်မှာပဲ နောက်က ကားတံခါးပွင့်လာပြီး ကိုသြရှဆင်းလာတာကိုတွေ့ရတယ်။
သူက သာ့ကိုသေချာစိုက်ကြည့်ပြီး သာ့စိတ်အခြေနေကိုမသိမသာအကဲခတ်နေတယ်လို့သာထင်တာကြောင့်သာဟန်ဆောင်လိုက်တယ်။
"ဟာ ကိုသြရှပါလား သာရပါတယ်ဆိုတာကို ဟိုမိန်းကလေးကိုပဲ ပြန်လိုက်ပို့လိုက်တာမဟုတ်ဘူး"
သာဘယ်လောက်ပဲဟန်ဆောင်ဖို့ကြိုးစားကြိုးစား သာဟာ အချစ်နဲ့ပတ်သက်ရင် အတွေ့အကြုံမရှိသူမို့ ပြောတယ့်စကားမှာ ဟန်ဆောင်မရခြင်းတွေပါသွားသေးသည်။ ဒါ့ကြောင့်ဘုန်းအမြဲပြောတာ သာ့ကို နင်က ယောက်ျားလေးတွေအကြောင်းမသိပါဘူး ။ငါ့လိုယောက်ျားတိုင်းကိုမမှတ်နဲ့ဆိုပြီးပေါ့။ အခုလည်းကြည့်လေ ။
ကောင်းကျေးစကားကိုကြားကြားချင်း မနေနိုင်တော့ဘဲ ကျေးကိုဖက်မိလျက်သားဖြစ်သွားတယ်။ ဒီမိန်းကလေးက အရမ်းချစ်ဖို့ကောင်းတယ်ဆိုတာ သူမသိလေသလား ။
သာကတော့ရုတ်တရက်အခြေအနေမှာကြောင်အစွာ။အရင်က သာပြောဖူးတယ့်စကားတွေပြန်ကြားမိတော့ပိုဆိုး၏။ဘုန်းပြောဖူးတာလေ။
"သာ နင့်ကို အကယ်၍ ငါမဟုတ်တယ့်သူစိမ်းယောက်ျားတစ်ယောက်က လာဖက်ရင် ဘယ်လိုလုပ်မလည်း" ဆိုတုန်းက သာကိုယ်တိုင်ပြောခဲ့တာလေ
YOU ARE READING
A mysterious love story (Completed)
Romanceငယ်စဥ်ကထဲက မိဘ၏ဆုံးမမှုတွေကြောင့် အချစ်ရေးမရှာဖို့ဆုံးဖြတ်ထားသူ ၊ မတော်တဆ အလယ်တန်းနောက်ဆုံးနှစ်မှာ ကောင်ဇိုးလေးတစ်ယောက်ကြောင့် ...... ခင်မင်ရသော သူငယ်ချင်းမလေးက ပွင့်လင်းစွာ ဝန်ခံလာခဲ့သောအခါ ... ဆုံးဖြတ်ချက်တွေတင်းမာပြီး တစုံတယောက်ကိုဒဏ်ရာတွေပေးဖို...