ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆပ်ကနေ မိန်းမလှလေးတစ်ယောက် ထွက်လာသည်။ဖြူဝင်းတယ့်အသားရည်ပေါ်မှာ အနက်ရောင်အဝတ်စားအပြည့်နဲ့ Laguageကိုဆွဲပြီးလျှောက်လာပုံက နေမထိုးပဲထင်းတယ့်အလှမျိုးပင်။ တပ်ထားတယ့်နေကာမျက်မှန်ကို လက်နဲ့တစ်ချက်ပင့်ပြီး ဘေးဘီကို ဝေ့ကြည့်လိုက်လေသည်။ဒီအချိန်မှာပဲ ခပ်လှမ်းလှမ်းက ကားကလက်လှမ်းပြပြီး ကားပြတင်းကနေ ခေါင်းထွက်လာတာကိုတွေ့ရသည်။သူမကတော့ခပ်မှန်မှန်ပဲထိုကားဆီသို့။ သူမနားကဖြတ်လျှောက်သွားသူတွေရော မလှမ်းမကမ်းကနေ လှမ်းငေးကြည့်နေသူတွေရောကို သူမကတော့ရှိတယ်လို့ကိုမထင်ဘဲကားဆီသို့သာ။ ကျူးရင့်ခက်ဆိုသောသူမက ထိုသို့ပင်။
သိဒ္ဓိကားပေါ်ကဆင်းပြီး မမလေးရင့်ခက်ကို ကားတံခါးအသင့်ဖွင့်ပေးလိုက်သည်။ ကားမောင်းသူနေရာမှာသိဒ္ဓိကရှိနေပြီး မမလေးရင့်ခက်ကတော့ အနောက်ခုံမှာပင်။ တကယ်တမ်း အပြင်မှာမျက်နှာချင်းဆိုင်သေချာမကြည့်ရဲပေမယ့် ကားမှန်ကတဆင့်တော့ ခိုးကြည့်မိပါရဲ့။ မမလေးကစိတ်အိုက်ဟန်ဖြင့် နေကာမျက်မှန်ကိုချွတ်လိုက်ပြီး အပေါ်ကထပ်ဝတ်ထားတယ့် ကုတ်ကိုဖွနေလေရဲ့။ အေးလေ မမလေးက ကိုရီးယားမှာ ၁လကြာခဲ့တာဆိုတော့ ဟိုကရာသီဥတုအရဝတ်စားပုံက ဒီမှာ ကျသိပ်အဆင်မပြေဘူးလေ။သိဒ္ဓိအလိုက်သိစွာနဲ့ကား air conကိုအပူချိန် လျှော့ပစ်လိုက်တော့ နေရတာအဆင်ပြေသွားသည်ထင်ရဲ့။
"မမလေး Hotelမှာနားဦးမလား"
"မန္တလေးပဲ ချက်ချင်းပြန်မယ် တန်းမောင်း"
မမလေးရင့်ခက်ကတော့ ဒါပဲပြောပြီး ကားကူရှင်ပေါ်သက်တောင့်သက်သာ မှီချလိုက်တယ်။သိဒ္ဓိသိတာပေါ့ မမလေး အရမ်းပင်ပန်းနေပြီဆိုတာကို။အခုမှနိုင်ငံရပ်ခြားကပြန်ရောက်တယ် ချက်ချင်း ခရီးဝေး ထပ်သွားသေးတယ်။ ဘာကြောင့်လည်းဆိုတာကိုလည်း သိဒ္ဓိသိပါတယ်။ဒီနေ့က အကိုလေး မွေးနေ့လေ။ သိဒ္ဓိ နာရီကိုကြည့်လိုက်တော့ ၁၀နာရီ ခွဲနေပြီ။ ဒီတိုင်းဆို မန္တလေးကို အပြင်းနှင်ရင် ညနေပိုင်းလောက်တော့ ရောက်နိုင်သည်။ သိဒ္ဓိကိုယ်တိုင်လည်း တကယ်တော့ ခရီးပန်းသည်ပင်။ မနေ့ကတနေ့လုံးကားမောင်းထားပြီး ခုလည်းဒီခရီးကိုထပ်မောင်းရတာကိုး။ မမလေးရင့်ခက် ရင်ထဲ ဘာတွေရှိလည်း သိဒ္ဓိခန့်မှန်းမိပါတယ်။ အကိုလေးရင်ထဲ မှာရှိတာကို သိဒ္ဓိကကောင်းကောင်းသိနေတော့ မမလေးကို သနားမိတာပင်။ သာယဥ်ကျေးဆိုတယ့် မိန်းကလေးက မမလေးလောက်တောင်မလှဘဲနဲ့။ သာယဥ်ကျေး ဆိုမှ ဒီနေ့မွေးနေ့ပွဲကိစ္စကို သိဒ္ဓိပြန်သတိရသည်။ သူကိုယ်တိုင်စီစဥ်ပေးထားရတာကိုး။ ဟူး.......။ သက်ပြင်းတစ်ချက်ချပြီး ကားမှန်ကတစ်ဆင့် မမလေးကိုကြည့်လိုက်တော့ ။
YOU ARE READING
A mysterious love story (Completed)
Romanceငယ်စဥ်ကထဲက မိဘ၏ဆုံးမမှုတွေကြောင့် အချစ်ရေးမရှာဖို့ဆုံးဖြတ်ထားသူ ၊ မတော်တဆ အလယ်တန်းနောက်ဆုံးနှစ်မှာ ကောင်ဇိုးလေးတစ်ယောက်ကြောင့် ...... ခင်မင်ရသော သူငယ်ချင်းမလေးက ပွင့်လင်းစွာ ဝန်ခံလာခဲ့သောအခါ ... ဆုံးဖြတ်ချက်တွေတင်းမာပြီး တစုံတယောက်ကိုဒဏ်ရာတွေပေးဖို...