🖤ပဟေဠိဆန်သော ချစ်ခြင်းသွယ်🖤
အပိုင်း(၁၇)
အစည်းအဝေးပွဲပြီးတော့ သူက
"ကျေး အာSorryမသာယဥ်ကျေး ကျွန်တော်"
"ရပါတယ်ရှင့် သာနားလည်ပါတယ် ကြိုက်သလိုခေါ်ပါ"
သာနဲ့သူအတူတွဲလျက်လျှောက်လာတုန်းမှာ
"ဟို ကျေး ပြီးရင် ကျေးမှာအချိန်ရနိုင်လားမသိဘူး "
"ဟုတ် သာဘာမှတော့ ထွေထူးအရေးကိစ္စမရှိပါဘူး ဘာလို့လည်းရှင့်"
"သြော် ကိုယ်က ကိုယ်တို့၂ယောက်ရဲ့ပထမဆုံးဆုံတယ့်နေ့လေးမှာ ကျေးကိုကော်ဖီလိုက်တိုက်ချင်လို့ပါ ရင်းနှီးမှုယူတယ့်သဘောပေါ့"
သာကသူ့စကားဆုံးလို့ မော့ငေးကြည့်လိုက်လျှင်
"သြော်ဒီလိုလေ ဗျာ ကိုယ်နဲ့ကျေးကရင်းရင်းနှီးနှီး ရှိသင့်တယ်မလား"
သာပြုံးရုံလေးပြုံးလိုက်ပြီး
"ရှင်ပြောတာမှားတယ် သာတို့တွေ့တာဒါပထမဆုံးမှမဟုတ်တာ"
"ဗျာ"
ကောင်းလန့်သွားရသည် ကိုယ့်စကားအဓိပ္ပာယ်ကိုများသိသွားတာလား ဒါမှမဟုတ် သြဇာကောင်းဆိုတယ့်ကိုယ့်ကိုမှတ်မိသွားတာလား ဒီလိုတော့လည်းမဖြစ်နိုင်။ဟိုတခါတွေ့တုန်းကတောင် မသိ ။
"ဟုတ်တယ်လေ ကိုသြရှပြောသွားတယ့်ထဲမှာပထမဆုံးတွေ့ဆုံတာလို့ပြောတယ်လေ မိုးရွာတယ့်နေ့ကိုဘာလို့ထည့်မတွက်တာလည်း"
"အာ ဟုတ်သားဗျ တကယ်တော့ အဲ့နေ့က ကျွန်တော်တို့ အချင်းချင်းမိတ်မဆက်ခဲ့ရဘူးလေ"
"ဒါမယ့် ရှင်သာ့ကိုသိနေတယ်လေ "
အဲ့ကိစ္စနဲ့ပတ်သက်ပြီးတစုံတရာ သူ့ဆီကအဖြေကြားမလားသာစောင့်ပေမယ့် သူကဆက်မပြောတော့။သာတကယ်ပဲ သိချင်ပါသည်။ အထွက်ရောက်တော့
"ကျေး ဘယ်လိုလည်း ကော်ဖီလိုက်သောက်မလား"
တဆက်ထဲသူကနာရီကိုကြည့်လိုက်ကာ
"ကိုယ် မိနစ်၃၀လောက်ပဲယူမှာပါ ကျေး"
သာတချက်စဥ်းစားသွားရသည် ။ဒါပေမယ့်လည်း
YOU ARE READING
A mysterious love story (Completed)
Romanceငယ်စဥ်ကထဲက မိဘ၏ဆုံးမမှုတွေကြောင့် အချစ်ရေးမရှာဖို့ဆုံးဖြတ်ထားသူ ၊ မတော်တဆ အလယ်တန်းနောက်ဆုံးနှစ်မှာ ကောင်ဇိုးလေးတစ်ယောက်ကြောင့် ...... ခင်မင်ရသော သူငယ်ချင်းမလေးက ပွင့်လင်းစွာ ဝန်ခံလာခဲ့သောအခါ ... ဆုံးဖြတ်ချက်တွေတင်းမာပြီး တစုံတယောက်ကိုဒဏ်ရာတွေပေးဖို...