23.အပိုင်ယူချင်တယ်

1.6K 63 0
                                    


သာယဥ်ကျေးဆိုသည့်သူမက အိပ်မက်ကမ္ဘာထဲပျော်မွေ့တတ်သူလည်းဖြစ်သည်။ ခုလည်း အိပ်မက်ထဲက မထချင်လောက်အောင် ဆွဲဆောင်မှုတွေကြောင့် ကီကီ ရဲ့ မြည်သံတွေကိုပင်လုံးဝ မကြားပေ။ Dream true come true ဆိုတာသာတကယ်ဖြစ်ရင် သူမတော့မလွယ်ပေ ။ အိပ်မက်ထဲမှာ အံ့သြစရာကောင်းလောက်အောင် ကိုသြရှက သြဇာကောင်းဖြစ်နေခဲ့တယ်လေ။ပြီးတော့ ဘုန်း ။ဘုန်းက သာ့ကိုချစ်တယ်တယ့်။သြဇာကောင်းနဲ့ ဘုန်းအကြားမှာ သာဟာ တွေဝေမှုများစွာနဲ့ ။သာသိနေတယ် သာတစ်ယောက်ကိုရွေးရင် ကျန်တယ့်တစ်ယောက်က နာကျင်ရမှာကို။သာအဲ့လို အဖြစ်မခံနိုင်ဘူး ။ဒါပေမယ့် သာ ရွေးချယ်လိုက်တယ် တစ်ယောက်ကို။

"တီ တီ တီ .......တီ တီ တီ "

"Hmm...."

ဝေဝါးနေတယ့်မျက်လုံးတွေကို အားယူဖွင့်ကြည့်ပြီး မျက်နှာချင်းဆိုင်က နံရံကပ်ကြယ်လေးတွေကိုအကြောင်းမဲ့ရေတွက်နေမိတယ်။ ဘာ့ကြောင့်ဒီလိုအိပ်မက်မျိုးကို မက်တာလည်း သာမသိ။သာဘယ်သူ့ကိုရွေးလိုက်လည်းဆိုတာ အံ့သြစရာကောင်းအောင်ပဲ သာမမှတ်မိ။ တကယ်သာ အပြင်မှာဆိုရင်ရော သာဘယ်သူ့ကို ....ဘုရားရေ သာ နင်အခုဘာတွေတွေးနေတာလည်းရော ကိုယ့်ကိုကိုယ်သိရဲ့လား။ဘုန်းက နင့်သူငယ်ချင်းအရင်းကြီးပါ။ဘယ်လိုလုပ် ....
..

သာဘာမှမဆန်းစစ်ချင်တော့ ကီကီကိုပိတ်ပြီး ဘုန်းမရှိတော့ ၂ယောက်စာအတိုးချလုပ်ရမယ့်အလုပ်တွေကိုရုံးမသွားခင်ပြင်ဆင်နေမိတယ်။

အားလုံးပြီးသွားတော့ ကားကိုခြံထဲကထုတ် ပြီးခြံတံခါးသေချာပိတ်ပြီး အလုပ်ကိုလာခဲ့တယ်။ ရုံးဆင်းလာပြီးတိုင်းဘုန်းများပြန်ရောက်ပြီလားလို့ မျှော်လင့်ရတာလည်း အခါခါ။(ခြံတံခါးသော့က ၂ယောက်လုံးတွင်ရှိသည်။) တကယ် အဲ့ဘုန်းကို စိတ်ဆိုးမိတယ် လုံးဝမဆက်သွယ်ဘူး ။ဘုန်းမရှိတာ ၁လကျော်နေပြီလေ။ 
 
ဒီနေ့ ကိုသြရှ မွေးနေ့တယ့်လေ။ သာ့ကိုသူ့မွေးနေ့ပွဲကျင်းပဖို့ ဆက်ဆက်လာခဲ့ဖို့ဖိတ်ထားတာ ရုံးဆင်းတာနဲ့ ညနေတခါထဲသွားရမှာ။ကိုသြရှမွေးနေ့က ၂၉ရက် ၂လပိုင်းလေ။၄နှစ်မှတကြိမ်ကျတယ့်ထူးခြားတယ့်နေ့ပေါ့။ အဲ့အချိန်က ဟိုးနှစ်တွေက ကျောင်းနောက်ဆုံးရက်ရဲ့ ကစားကွင်းသွားတယ့်နေ့ကို သာသေချာမမှတ်မိခြင်းက နောင်တချိန်မှာ အံ့သြဖို့ ဖြစ်လာမယ်ဆိုတာကို မသိခဲ့ပေ။

A mysterious love story (Completed)Where stories live. Discover now