30.ဒီနေ့နေဝင်ချိန်ကသိပ်လှပါသည်

1K 54 0
                                    

သိဒ္ဓိ အကိုလေးကိုမျက်နှာချင်းဆိုင်ရတာလည်း နည်းနည်းတမျိုးပဲ။သင်တန်းကာလဟာ ပိတ်ရက်ဖြစ်နေတာကြောင့် သိဒ္ဓိအဆင်ပြေနေသည်။အကိုလေးစုံစမ်းခိုင်းတယ့်အတိုင်းသူသေချာစုံစမ်းပြီးပြီ။မထင်မှတ်ထားတယ့်သတင်းကိုသူရပြီးပြီ။ ဒါ့ကြောင့် မမလေးကို သွားကြိုဖို့ရန်ကုန်မသွားခင်ကပဲ အကိုလေးကို သူပြောပြခဲ့တာ။

သိဒ္ဓိတို့အားလုံး အကြီးကြီးလွဲနေတာလေ။ တကယ်က မမလေးသာယဥ်ကျေးရဲ့သူငယ်ချင်းဟာ အံ့သြလောက်အောင် ထင်ထားခဲ့သလို gay ဟုတ်မနေခဲ့ဘူးလေ။ ပြီးတော့ တကယ့်အတွဲက သက်မင်းမောင်နဲ့ ကောင်းမြတ်ဖြစ်နေတယ်လေ။သိဒ္ဓိတောင် တော်တော် ခင်အောင်ပေါင်းလိုက်ရတာကြောင့်ပင်။ပြီးတော့ အခုဘုန်းလက်ျာကသင်တန်းကနေခွင့်ရှည်ယူထားတယ်လေ။သိရသလောက် သူမြန်မာပြည်မှာမရှိဘူးဆိုတာပဲ။ ဒါ့ကြောင့် အကိုလေးကို အကြောင်းကြားသတိပေးလိုက်တော့ အကိုလေးက မွေးနေ့မှာတခါထဲဖွင့်ပြောဖို့ပြင်တော့တာပဲ။

စားသောက်ဆိုင်တခုလုံးကို အဲ့နေ့ငှားပြီး မမလေးကိုဖွင့်ပြောဖို့ အစီစဥ်ချတာကအစ သိဒ္ဓိသိသည်။မထင်မှတ်ပဲ မမလေးရင့်ခက်က ဝင်သွားတော့ .............။

မမအတွက်ထိုက်တန်တယ့် ယောက်ျားတစ်ယောက်ဖြစ်အောင် မောင်ကြိုးစားပါ့မယ်။

ချိုမြိန်သောညလေးကိုတွေးမိတော့ သိဒ္ဓိ အပြုံးမျက်နှာကြီးဖြစ်သွားရသည်။

⚜️⚜️⚜️⚜️⚜️⚜️⚜️

ဒီနေ့ သာတို့ ဘုရားသွားကြသည်။ အပြန်မှာ ဦးပိန်တံတား ဝင်ကြသည်။ သာက mdyမှာသာနေတာ သေချာမရောက်ဖူးပေ။ကိုသြရှက အဖော်လိုက်ပေးတယ်လေ။ တံတား တစ်လျှောက် လျှောက်ကြတယ်။လေနုအေးလေးတွေကတိုက်ခတ်လို့။ပြီးတော့ နေဝင်ခါနီး အလှဟာလည်း တကယ့်ကိုလှပတယ်လေ။

"ကိုသြရှ ကြည့်ဦး လှလိုက်တာနော် "

သာက ဝင်ခါနီး နေလုံးနှင့် ကန်ရေပြင်အလှကိုပြောလိုက်သည်။

"Omm ဟုတ်တယ် သဘာဝတရားကြီးကသိပ်လှတာပဲနော် "

လတ်ဆတ်တယ့်လေရနံ့ကြောင့် တကယ်ပါ ခေါင်းကိုလုံးဝကြည်စေသည်။

A mysterious love story (Completed)Where stories live. Discover now