"နင်ဘယ်လိုရောက်လာတာလဲ "ခြံထဲက တခုတည်းသောခုံလေးပေါ် ၂ယောက်သားထိုင်နေရာမှသာမေးလိုက်မိခြင်း။ ဘုန်းရောက်လာတော့ သူစိမ်းရှေ့မဆူချင်သောမေမေတို့ဟာ ငြိမ်သက်သွားခဲ့ပြီ။ ဘုန်းက သာနဲ့စကားပြောဖို့ခွင့်တောင်းတာကြောင့် ဖွားတို့က ခွင့်ပြုပေးခဲ့သည်။
သာ့အမေးကိုပြန်မဖြေတာကြောင့် သာသူ့ဘက်လှည့်ကြည့်လိုက်တော့ သူက သာ့ကိုစူးစူးနစ်နစ် စိုက်ကြည့်နေသည်။ သူ့မျက်လုံးကအကြည့်တွေကိုသာအဓိပ္ပာယ်မဖော်တတ်ပါ။ ဘယ်တော့မှလည်းမဖော်တတ်ခဲ့ပါ။ သာတို့ကစိတ်ချင်းမနီးစပ်ကြလို့ထင်ပါတယ်။
"အရမ်းနာလား"
သူမေးမှ လက်က ဘယ်ဘက်ပါးပေါ်အုပ်ကိုင်မိသည်။
"ထားလိုက်ပါ ဘာမှမဖြစ်ဘူး "
သာ့အပြောကိုသူက ပြုံးလိုက်ကာ
"နင် အဲ့ကောင်ကိုအဲ့လောက်ချစ်တာပဲလား "
ဟု ပန်းအိုးကိုကြည့်ပြီးမေးလိုက်တယ်။
သာပြန်မဖြေပါ။ သူ့ရှေ့မှာထပ်မဖြေချင်တော့ပါ။"အဲ့ကောင်သိလား "
"ဟမ် ဘာကိုလဲ"
သာ့အမေးကိုသူက ကျစ်တစ်ချက်သတ်ကာ
"နင်အခုကြုံတွေ့နေရတယ့်အခြေနေတွေကိုပြောတာ သူသိလား"
လေးပင်စွာရမ်းလိုက်တယ့်ခေါင်းကြောင့် သူက မရယ်ချင်ရယ်ချင်ရယ်သည်။
"ဒါဆို အချစ်အတွက်နင်တစ်ယောက်ထဲတိုက်ပွဲဝင်နေတာပေါ့ ဟုတ်လား"
သူ့အမေးက ဘာကိုရည်ညွှန်းတာလည်း။ သာ့ကိုရူးမိုက်နေတာလို့ပြောတာလား။ မောင့်ကို ဘာမှမသိတယ့်ကောင်လို့ပြောချင်တာလားသာခွဲခြားမနေတော့ပါ။
"ငါ တလအတွင်း ဂျပန်သွားရမယ် ငါပြန်လာချင်မှလည်းလာတော့မယ် သာ နင်ပျော်ပါစေ နင်ဘယ်အချိန်ဘာအကူညီလိုလို ငါ့ကိုမမေ့ပါနဲ့ ငါနင့်အတွက်လုပ်ပေးမယ်ဆိုတာယုံတယ်မလား နင်တို့ပျော်ရွှင်ပါစေ "
ဘုန်းရဲ့စကားအဆုံးမှာ သာနည်းနည်းခံစားသွားရသည်။ ဘာလို့လည်း လာမမေးပါနဲ့။ သာရဲ့အချစ်ဆုံးသူငဟ်ချင်းတစ်ယောက်နဲ့အပြီးတိုင်ခွဲရတော့ခြင်းမှာသာဝမ်းနည်းတာဖြစ်သင့်တာပဲလေ။
YOU ARE READING
A mysterious love story (Completed)
Romanceငယ်စဥ်ကထဲက မိဘ၏ဆုံးမမှုတွေကြောင့် အချစ်ရေးမရှာဖို့ဆုံးဖြတ်ထားသူ ၊ မတော်တဆ အလယ်တန်းနောက်ဆုံးနှစ်မှာ ကောင်ဇိုးလေးတစ်ယောက်ကြောင့် ...... ခင်မင်ရသော သူငယ်ချင်းမလေးက ပွင့်လင်းစွာ ဝန်ခံလာခဲ့သောအခါ ... ဆုံးဖြတ်ချက်တွေတင်းမာပြီး တစုံတယောက်ကိုဒဏ်ရာတွေပေးဖို...