11.နှလုံးသားကွဲကြေရမှုကြီး

1.5K 87 0
                                    

🖤ပဟေဠိဆန်သော ချစ်ခြင်းသွယ်🖤

                         အပိုင်း(၁၁)

" စာဖတ်လို့ပြီးပြီလား"

ဟင် ရုတ်တရက် သာ လိပ်ပြာလွင့်မတတ်ပင်။ အသံလာရာ ကိုသာဝေ့ဝဲရှာကြည့်တော့မတွေ့။

"ဒေါက် ဒေါက်"

ဟင် တွေ့ပါပြီ။သာက သူမမြင်အောင် စင်နောက်မှာပုန်းနေတာ ။သာ့ရှေ့မှာက စာစီစာကုံးစာအုပ်တွေ သီးသန့်သော့ခတ်ထားတယ့်ဗီရိုကြီး။သူကထိုဗီရိုကြီးကိုကွယ်ပြီးထိုင်နေတာကိုး။ဟွန်း သာကြားအောင် ဒေါက် ခေါက်ပြီး စင်ကြားကနေ မျက်နှာပြပြီး ပြုံးပြနေလိုက်တာ။အမြင်ကပ်စရာ။

"နင် နှောင့်ယှက်ပြန်ပြီ ငါ စာတောင်ကောင်းကောင်းဖတ်မရဘူးလား"

"ရှူး ကိုယ် မနှောင့်ယှက်ပါဘူး သာဖတ်တာပြီးတယ့်ထိစောင့်တယ်လေ။ သာ စာအုပ်ပိတ်ပြီး တွေးနေလို့ စကားပြောတာပါ"

စာကြည့်တိုက်ထဲမှာမလို့ သာ စကားပြောတာကျယ်မှာစိုးလို့သူက ရှူးတောင်လုပ်လိုက်သေးသည်။သာကတော့ သွားစေ့ကာ

"အခုကရော ဘာလည်း။ သြဇာကောင်း နင် အဲ့လောက်အားလား။နင့်မှာ ကျောင်းသားဖြစ်ပြီး လုပ်စရာမရှိဘူးလား ။ မိဘကကျောင်းထားတာကိုလိုက်လျားလိုက်လျားနဲ့ နင်ကလူဆိုးပဲ"

သူနာအောင်ပြောလိုက်သော်လည်း ဒင်းကမဖြုံတဟ့်အပြင် သာ့ကိုစိုက်ကြည့်ကာပြောလိုက်သည်က

"ကျေး အတွက်ပဲ အားတာပေါ့။နေပါဦး ကိုယ့်ကိုလူဆိုးလို့ပြောရအောင် ကိုယ်ဘာတွေဆိုးနေလို့လည်း အကယ်၍ကိုယ်ဆိုးနေလည်း ကျေးက ချစ်သူတော်ပြီး ပြုပြင်ပေးပေါ့"     တယ့်လေ။

သာ့မှာယောင်နနနှင့်ပင်။

"သြဇာကောင်း နင်အရူး နင်အရူး ပဲ "

ဟုပြောကာ စာကြည့်တိုက်မှ အမြန်ထွက်ကာ အိမ်သာသို့သွားဖို့ပြင်ရလေ၏။ တော်ပါသေးရဲ့ စာကြည့်တိုက်အထွက်မှာ ဖြူနဲ့တွေ့လို့။သူဟာလေ။ မနက်ဖြန်ဆို ကျောင်းပိတ်မှာမို့ သာပျော်ပါသည်။ ကျောင်းသားတွေပဲ ကျောင်းပိတ်တာပျော်မှာပေါ့လို့ဆို သာက သာ့အကြောင်းနှင့်သာမို့ သာပိုပျော်ပါသည်။ ရင့်ခက်က ကျောင်းဖွင့်မှ ကျောင်းပြန်တက်မည်တယ့်လေ။ ဘာပဲ
ပြောပြောသာ ရင့်ခက်ကိုမျှော်နေမိသည်။ရင့်ခက်သာဆို ဖြေရှင်းနည်းကိုသိမည်ပင်။

A mysterious love story (Completed)Where stories live. Discover now