"အန်တီသမီးကို ဘာပြောစရာရှိလို့လဲ"
မနက်က မောင့်မေမေဆီက မထင်မှတ်ထားစွာ ဖုန်းခေါ်လာပြီးချိန်းဆိုတာကြောင့် သာရောက်လာခြင်းဖြစ်သည်။ ဒီရောက်တော့ ဘာမှမပြောပဲ မောင့်မေမေရဲ့အကြည့်စူးတွေ ကိုမခံနိုင်တော့တာကြောင့်သာမေးလိုက်မိသည်။
"မင်းရုပ်လေးနဲ့မထင်ရဘူးနော်"
"ရှင် အန်တီဘာပြောချင်တာလဲ"
ရုတ်တရက်ကြီး တင်းမာသောမျက်နှာထားးနဲ့ နှုတ်ခမ်းကိုမဲ့ရွဲ့ကာပြောလိုက်သောမောင့်မေမေကြောင့် သာကြောင်သွားကာ စိတ်ထဲတမျိုးဖြစ်သွားရသည်။
"မင်းဘာရည်ရွယ်ချက်နဲ့ ငါ့သားအနားကပ်လာတာလည်း မင်းရဲ့သတင်းတွေကလည်းမွှေးနေတာပဲနော် အကျင့်ပျက်တယ့်မိန်းမဆိုပြီး"
နားထဲဗုံးတွေပေါက်ကွဲသွားသလိုပါပဲ။ ဒါဘလိုင်းကြီးသက်သက်အပြောခံနေရသလိုခံစားရတယ်။ သာမောင့်ကိုဘာရည်ရွယ်ချက်နဲ့မှကပ်ခဲ့တာလဲမဟုတ်ဘူး။ ဒါ့အပြင် မောင်ကသာအနားရောက်အောင်လာခဲ့တဲ့သူပါ။
"တဆိတ်လောက် အန်တီပြောတာသာနားမလည်ဘူး အန်တီဘာကိုဆိုလိုနေတာလဲ"
သာ့စကားအဆုံးမှာ မောင့်မေမေက အားရပါးရရယ်သည်။ နောက်တော့ သာ့ကိုကြည့်ပြီး
"အော့ သြော် ဒါ့ကြောင့် ငါ့သားက အသည်းသန်ဖြစ်နေတာကိုး တော်တော်လည်းတတ်နိုင်တယ်နော် အပြစ်ကင်းတယ့်မျက်လုံးတွေနဲ့လာဟန်ဆာင်မနေနဲ့ တို့ဘာပြောချင်လည်းမင်းအသိဆုံးပါ အပြတ်ပြောလိုက်မယ် ငါ့သားအနားမင်းကိုမမြင်ချင်ဘူး ယောက်ျားတတကာနဲ့ဖြစ်ချင်တိုင်းဖြစ်နေတယ့် မိန်းကလေးကိုငါချွေးမမတော်နိုင်ဘူး "
"Sorryအန်တီ မောင့်မေမေဖြစ်နေလို့သာငြိမ်နေပေမယ့် အန်တီနည်းနည်းများသွားပြီ သာကဘာဖြစ်နေလို့လဲ အန်တီတို့လောက်မချမ်းသာတာကလွဲရင် သာ့မှာဘာပြစ်ချက်မှမရှိဘူး ပြောရရင် မောင်ကသာ့ရဲ့ပထမဆုံးချစ်သူပဲ ဒီ့အပြင်တခြားယောက်ျားတွေနဲ့ရှုပ်တယ်ဆိုတယ့်အန်တီ့စွပ်စွဲချက်ကများလွန်းတယ် သာ မောင်နဲ့လမ်းမခွဲပေးနိုင်ဘူးအန်တီ"
YOU ARE READING
A mysterious love story (Completed)
Romanceငယ်စဥ်ကထဲက မိဘ၏ဆုံးမမှုတွေကြောင့် အချစ်ရေးမရှာဖို့ဆုံးဖြတ်ထားသူ ၊ မတော်တဆ အလယ်တန်းနောက်ဆုံးနှစ်မှာ ကောင်ဇိုးလေးတစ်ယောက်ကြောင့် ...... ခင်မင်ရသော သူငယ်ချင်းမလေးက ပွင့်လင်းစွာ ဝန်ခံလာခဲ့သောအခါ ... ဆုံးဖြတ်ချက်တွေတင်းမာပြီး တစုံတယောက်ကိုဒဏ်ရာတွေပေးဖို...