သာအိပ်ပျော်နေတုန်း အနှိုးခံလိုက်ရတယ့် ဆူညံသံတစ်ချို့ကြောင့် နိုးလာခဲ့တယ်။
အိပ်ချင်မူးတူးနဲ့ ဘာလည်းဟာဆိုတယ့် ပုံမျိုး။
ဘုန်းကိုလည်းစိတ်ဆိုးပြီးပြောဖို့ တံခါးဖွင့်လိုက်တော့တံခါးရှေ့မှာဘယ်သူမှရှိမနေခဲ့ဘူး။အဲဒီအစား မှောင်မိုက်နေတယ့် နေရာသာမြင်လိုက်ရတာမို့ သာမီးခလုတ်ကိုစမ်းပြီးဖွင့်ဖို့လုပ်တုန်း မီးခြစ်လိုက်တာလေးရယ် ဖယောင်းတိုင်မီးအလင်းရောင်လေးကို မြင်လိုက်ရတယ်။တဖြည်းဖြည်းအလင်းက ငြိမ်သွားပြီးပါတ်ဝန်းကျင်ကိုပျံ့လာတယ့်အချိန်မှာ
"Happy birthday to you Happy birthday to you Happy birthday dear dear Thar Happy birthday to you"
ဘုရားရေ ။ကိတ်မုန့်ကိုင်ထားပြီးမွေးနေ့သီချင်းပင်ဆိုနေတာမို့ မီးခလုတ်ဖွင့်လိုက်ပြီး လက်က နာရီကိုကြည့်လိုက်တော့ ဘုရားရေ ၁၂နာရီ၄မိနစ်တယ့်။
သာပျော်ရွှင်သွားရသည်။ သာက ၁၂နာရီ ၃မိနစ်မှာမွေးဖွားခဲ့တာပင်။နောက်တစ်နေ့ကို ၃မိနစ်ဖြင့် မွေးဖွားခဲ့တာပင်။
"လာလေ မွေးနေ့ရှင်မကြီးရဲ့ ဖယောင်းတိုင်လေးလာမှုတ်ပါဦး ကြောင်ကြည့်မနေနဲ့တော့ အိပ်ရေးပျက်သွားရင်တော့ sorryပါကွာ "
ဘုန်းကပြောလည်းပြော သာ့ကိုပြုံးပြသည်။ပျော်ရမှာလိုလို ရယ်ရမှာလိုလို ငိုရမှာလိုလို သူ့ကိုပဲစိတ်တိုရမှာလိုလိုနဲ့ သာ့နှလုံးကိုလာထိရိုက်သည်။
သာသူ့နားတရွေ့ရွေ့တိုးကပ်သွားလိုက်ပြီး သူ့ကို တစ်ချက်ရိုက်လိုက်ကာ
"ဘုန်း နင်ကတော့ အဟင်း ဒါတွေဘယ်ထဲကပြင်ဆင်ထားတာလည်း "
ပျော်လို့ သူ့ကိုရိုက်လည်းရိုက် ရီလည်းရီနဲ့ ဖြစ်နေရသည်။
"ဒါတွေနောက်မှပါ ဖယောင်းတိုင်မှုတ်လိုက်ဦး ငါ့ကိုအကြာကြီးကိုင်ထားစေချင်နေတာလား "
အဲ့တော့မှ
Dear Thar's 25th birthday
လို့ရေးထားတယ့် စာတမ်းပါ နှင်းဆီနီပွင့်သဏ္ဌာန်ကိတ်မုန့်လေးပေါ်က 25ဆိုတယ့် ဖယောင်းတိုင်လေးကိုမှုတ်လိုက်တယ်။
YOU ARE READING
A mysterious love story (Completed)
Romanceငယ်စဥ်ကထဲက မိဘ၏ဆုံးမမှုတွေကြောင့် အချစ်ရေးမရှာဖို့ဆုံးဖြတ်ထားသူ ၊ မတော်တဆ အလယ်တန်းနောက်ဆုံးနှစ်မှာ ကောင်ဇိုးလေးတစ်ယောက်ကြောင့် ...... ခင်မင်ရသော သူငယ်ချင်းမလေးက ပွင့်လင်းစွာ ဝန်ခံလာခဲ့သောအခါ ... ဆုံးဖြတ်ချက်တွေတင်းမာပြီး တစုံတယောက်ကိုဒဏ်ရာတွေပေးဖို...